ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
၁ ရာချုပ် 5:7 - မြန်မာ့စံမီသမ္မာကျမ်း မျိုးနွယ်စုအရ သားစဉ်မြေးဆက်စာရင်းဝင်သော ဗေရာ၏ညီအစ်ကိုများမှာ မျိုးနွယ်စုအကြီးအမှူးယေယေလ၊ ဇာခရိ၊ Common Language Bible အိမ်ထောင်စုမှတ်တမ်းများအရရုဗင် အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ မှာ ယေယေလ၊ ဇာခရိနှင့်၊- Garrad Bible ညီ အစ် ကို ချင်း တို့ ကား အ ဆက် အ နွယ် များ အ လိုက် ဘေး စဉ် ဘိုး ဆက် စာ ရင်း ဝင် သည့် ကာ လ၊ အ အုပ် အ ချုပ် ယေ လ၊ ဇာ ခ ရိ မှ စ၍၊ ဂိ လဒ် နယ် တွင် သိုး နွား တိုး ပွား သည့် အ တွက် အာ ရော် မြို့ မှ နေ ဗော တောင် နှင့် ဗာ လ မောင် မြို့ တိုင် အောင် လည်း ကောင်း၊ အ ရှေ့ မျက် နှာ ဥဖ ရတ် မြစ် အ နီး ရှိ သဲ က န္တာ ရ အ ဝင် တိုင် အောင် လည်း ကောင်း၊ နေ ထိုင် သော ယော လ မြစ်၊ ရှေ မ မြေး၊ အာ ဇတ် သား ဗေ လ တို့ တည်း။ Judson Bible သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက်စာရင်းယူသောအခါ အဆွေအမျိုးသူကြီးဖြစ်သတည်း။ |
ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
ဗာလ၏သားမှာ ဗေရာ ဖြစ်၏။ ဗေရာသည် ရုဗင်အမျိုး၏ခေါင်းဆောင်ဖြစ်ပြီး အဆီးရီးယားဘုရင် တိဂလတ်ပိလေသာမင်းကြီး၏ဖမ်းခေါ်သွားခြင်းကိုခံရသူ ဖြစ်၏။