အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 4:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယုဒ​၏​မြေး​၊ ရှေလ​၏​သား​များ​မှာ လေက​၏​ဖခင်​ဧရ​၊ မရေရှ​၏​ဖခင်​လာဒ​၊ ပိတ်ချောထည်​ရက်လုပ်​သူ အာရှဗာ​မျိုးနွယ်စု​၊

အခန်းကိုကြည့်ပါ။

Common Language Bible

ရှေ​လ​သည်​ယု​ဒ​၏​သား​တစ်​ယောက်​ဖြစ်​၏။ သူ​၏​သား​မြေး​များ​တွင်​လေ​က​မြို့​ကို​တည် ထောင်​သူ ဧ​ရ​နှင့်​မ​ရေ​ရှ​မြို့​ကို​တည်​ထောင် သူ​လာ​ဒ​သည်​လည်း​ကောင်း၊ ဗေ​သ​ရှေ​ဘ မြို့​တွင်​နေ​ထိုင်​ကြ​သော ပိတ်​ချော​ထည်​ယက် သည့်​သား​ချင်း​စု​သည်​လည်း​ကောင်း၊-

အခန်းကိုကြည့်ပါ။

Garrad Bible

ယု ဒ သား ဖြစ် သူ ရှေ လ၏ သား များ ကား၊ လေ က အ ဘ ဧ ရ၊ မ ရေ ရှ အ ဘ လာ ဒ၊ ပိတ် ချော ကို ရက် တတ် သူ အာ ရှ ဗာ့ အ ဆက် အ နွယ်၊ ယော ကိမ်၊ ခေါ ဇေ ဘ အ နွယ်၊

အခန်းကိုကြည့်ပါ။

Judson Bible

ယု​ဒ​သား​ဖြစ်​သော ရှေ​လ၏​သား​ကား လေ​က​အ​ဘ​ဧ​ရ၊ မ​ရေ​ရှ​အ​ဘ လာ​ဒ​အ​စ​ရှိ​သော ပိတ်​ချော​ကို​ရက်​တတ်​သော အာ​ရှ​ဗာ​အ​ဆွေ​အ​မျိုး၊

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 4:21
10 ပူးပေါင်းရင်းမြစ်များ  

နောက်တစ်ဖန်​ထပ်၍ သား​ကို​မွေးဖွား​ရာ ထို​သား​၏​အမည်​ကို ရှေလ ဟု​မှည့်ခေါ်​လေ​၏​။ ရှေလ​ကို​မွေးဖွား​သောအခါ ယုဒ​သည် ခေဇိပ်​မြို့​တွင် ရောက်​နေ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​နှင့်​ရှေလ တို့​ဖြစ်​ကြ​ပြီး ခါနာန်​အမျိုးသမီး ဗာသရှုအာ​သည် ထို​သား​သုံး​ဦး​ကို မွေးဖွား​၏​။ ယုဒ​၏​သားဦး​ဧရ​သည် ထာဝရဘုရား​ရှေ့​တော်​၌ မကောင်းမှု​ကို​ပြု​သဖြင့် သူ့​ကို​ကွပ်မျက်​တော်မူ​၏​။


ရှိမုန်​၏​သား​များ​မှာ အာမနုန်​၊ ရိန္န​၊ ဗင်္ဟာနန်​၊ တိလုန် တို့​ဖြစ်​ကြ​၏​။ ဣရှိ​၏​သား​များ​မှာ ဇောဟက်​၊ ဗင်ဇောဟက် တို့​ဖြစ်​ကြ​၏​။


ယောကိမ်​၊ ခေါဇေဘ​အမျိုးသား​၊ မောဘ​သမီးပျို​တို့​နှင့်​စုံဖက်​သော​ယောရှ​နှင့် သာရပ်​၊ ယာရှုဗိလင် တို့​ဖြစ်​ကြ​၏​။ ဤသည်ကား ရှေး​မှတ်တမ်း​များ​ဖြစ်​၏​။


ရှိလောနိ​လူမျိုး​မှ သားဦး​အသာယ​နှင့် သူ​၏​သား​များ​၊


ရှိလော​သားမြေး​မှ​ဆင်းသက်​လာ​သော ရှိလော​၏​ဆက်​၊ ဇာခရိ​၏​ကျွတ်​၊ ယောယရိပ်​၏​တွတ်​၊ အဒါယ​၏​တီ​၊ ဟဇာယ​၏​မြစ်​၊ ကောလဟောဇ​၏​မြေး​၊ ဗာရုတ်​၏​သား မာသေယ တို့​ဖြစ်​ကြ​၏​။


ဗီသွာလျှော်​ငင်​သော​သူ​များ​၊ အဖြူရောင်​ပိတ်ချော​ရက်လုပ်​သော​သူ​တို့​သည် အရှက်ကွဲ​ကြ​ရ​လိမ့်မည်​။


မျိုးနွယ်စု​အလိုက် ယုဒ​၏​အမျိုးအနွယ်​များ​ကား ရှေလ​မှ​ဆင်းသက်​သော ရှေလ​မျိုးနွယ်စု​၊ ဖာရက်​မှ​ဆင်းသက်​သော ဖာရက်​မျိုးနွယ်စု​၊ ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


ကိလ​မြို့​၊ အာခဇိပ်​မြို့​၊ မရေရှ​မြို့ စသည့်​မြို့​ပေါင်း​ကိုး​မြို့​နှင့်​ရွာ​များ ပါ​၏​။