မောနောသဲသည် သားဩဖရကိုရ၏။ စရာယသည် သားယွာဘကိုရ၏။ ယွာဘသည် သားဂေဟာရရှိန်ကိုရ၏။ သူတို့သည် လက်မှုပညာသည်များ ဖြစ်ကြ၏။
၁ ရာချုပ် 4:15 - မြန်မာ့စံမီသမ္မာကျမ်း ယေဖုန္နာ၏မြေး၊ ကာလက်၏သားများမှာ ဣရု၊ ဧလာ၊ နာမ တို့ဖြစ်ကြ၏။ ဧလာ၏သားမှာ ကေနတ် ဖြစ်၏။ Common Language Bible ယေဖုန္န၏သားဖြစ်သောကာလက်တွင်ဣရု၊ ဧလာ၊ နာမဟူသောသားသုံးယောက်ရှိ၏။ ဧလာ၏ သားမှာကေနတ်ဖြစ်၏။ Garrad Bible ယေ ဖု န္နာ့ သား ကာ လက်၏ သား များ ကား၊ ဣ ရု၊ ဧ လာ၊ နာ မ၊ ဧ လာ့ အ နွယ်၊ ကေ နတ် တို့ တည်း။ Judson Bible ယေဖုန္နသားဖြစ်သော ကာလက်၏သားကား ဣရု၊ ဧလာ၊ နာမတည်း။ ဧလာသားကား ကေနတ်တည်း။ |
မောနောသဲသည် သားဩဖရကိုရ၏။ စရာယသည် သားယွာဘကိုရ၏။ ယွာဘသည် သားဂေဟာရရှိန်ကိုရ၏။ သူတို့သည် လက်မှုပညာသည်များ ဖြစ်ကြ၏။
ထိုအခါ ကာလက်သည် မောရှေရှေ့၌ရှိသော လူတို့ကိုတိတ်ဆိတ်စေပြီး “ငါတို့သည် ထိုပြည်ကို အနိုင်ရမည်မှာသေချာ၏။ ယခုပင် တက်သွား၍ ထိုပြည်ကိုသိမ်းပိုက်ကြစို့”ဟု ဆိုလေ၏။
ငါ့အစေအပါးကာလက်မူကား ခြားနားသောစိတ်ဝိညာဉ်ရှိပြီး ငါ့နောက်သို့လုံးလုံးလိုက်သောကြောင့် ငါသည် သူသွားခဲ့သောပြည်သို့ သူ့ကိုပို့ဆောင်၍ သူ့သားမြေးတို့သည် ထိုပြည်ကိုအမွေဆက်ခံရလိမ့်မည်။
ထိုပြည်ကို သင်တို့နေထိုင်ရာဖြစ်စေမည်ဟု ငါကျိန်ဆိုခဲ့သော်လည်း ထိုပြည်ထဲသို့ ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှဝင်ရလိမ့်မည်မဟုတ်။