၁ ရာချုပ် 3:19 - မြန်မာ့စံမီသမ္မာကျမ်း ပေဒါယ၏သားများမှာ ဇေရုဗဗေလနှင့် ရှိမိ တို့ဖြစ်ကြ၏။ ဇေရုဗဗေလ၏သားများမှာ မေရှုလံ၊ ဟာနနိယနှင့် သူတို့၏နှမရှေလောမိတ် တို့ဖြစ်ကြ၏။ Common Language Bible ပေဒါယတွင်ဇေရုဗဗေလနှင့် ရှိမိဟူသော သားတော်နှစ်ပါးရှိ၏။ ဇေရုဗဗေလတွင် မေရှုလံနှင့်ဟာနနိဟူသောသားတော်နှစ် ပါးနှင့် ရှေလောမိတ်ဟူသောသမီးတော် တစ်ပါးရှိ၏။- Garrad Bible ပေ ဒါ ယ သား များ ကား ဇေ ရု ဗ ဗေ လ နှင့် ရှိ မိ တို့ တည်း။ ဇေ ရု ဗ ဗေ လ သား များ ကား၊ မေ ရှု လံ၊ ဟာ န နိ၊ နှ မ ရှေ လော မိတ် တို့ နှင့် တ ကွ Judson Bible ရှာလသေလသားကား ဇေရုဗဗေလနှင့် ရှိမိတည်း။ ဇေရုဗဗေလသားကား မေရှုလံ၊ ဟာနနိ၊ နှမရှေလောမိတ်နှင့်တကွ၊ |
ဇေရုဗဗေလ၊ ယေရွှာ၊ နေဟမိ၊ စရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့်အတူလိုက်ပါလာသော အစ္စရေးအမျိုးသားတို့၏အရေအတွက်ကား
ဘုရားသခင်၏လူမောရှေ၏ပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကိုပူဇော်ရန် ယောဇဒက်၏သား ယေရွှာနှင့် သူ့ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလ၏သား ဇေရုဗဗေလနှင့် သူ့ညီအစ်ကိုများသည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကို ထ၍တည်ကြလေ၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
“ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလ၊ ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုနှင့် ကျန်ပြည်သူပြည်သားတို့အား ယခု မိန့်ဆိုလော့။
သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဘေဘီလုံသို့ ရွှေ့ပြောင်းခြင်းခံရပြီးနောက် ယေခေါနိသည် သားရှာလသေလကိုရ၏။ ရှာလသေလသည် သားဇေရုဗဗေလကိုရ၏။