ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ယောရှမင်းကြီး၏သားတော်အာမဇိ နန်းတက်၏။
၁ ရာချုပ် 3:12 - မြန်မာ့စံမီသမ္မာကျမ်း ယောရှ၏သားမှာ အာမဇိ၊ အာမဇိ၏သားမှာ အာဇရိ၊ အာဇရိ၏သားမှာ ယောသံ၊ Garrad Bible ၎င်း သား တော်၊ ယော ရှ မင်း။ ၎င်း သား တော် အာ မ ဇိ မင်း။ ၎င်း သား တော် သြ ဇိ မင်း။ ၎င်း သား တော်၊ ယော သံ မင်း။ Judson Bible ယောရှသား အာမဇိ၊ အာမဇိသား ဩဇိ၊ ဩဇိသား ယောသံ၊ |
ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယောရှမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ယောရှမင်းကြီး၏သားတော်အာမဇိ နန်းတက်၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ဩဇိမင်းကြီး၏သားတော်ယောသံ နန်းတက်၏။
ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
အာဇရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
အာမဇိနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ကိုးနှစ် စိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော ဩဇိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။