၁ ရာချုပ် 26:9 - မြန်မာ့စံမီသမ္မာကျမ်း မေရှလေမိ၌ ရဲစွမ်းသတ္တိထက်မြက်သော သားများနှင့်ညီအစ်ကိုပေါင်း တစ်ဆယ့်ရှစ်ယောက် ရှိ၏။ Common Language Bible မေရှလေမိ၏အိမ်ထောင်စုမှ အရည်အချင်း နှင့်ပြည့်စုံသူတစ်ဆယ့်ရှစ်ယောက်ရရှိ၏။ Garrad Bible မ ရှေ လ မိ၏ သား ညီ ကား ခွန် အား ကောင်း သူ တစ် ကျိပ် ရှစ် ယောက် တို့ တည်း။ Judson Bible ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တစ်ကျိပ်ရှစ်ယောက်တည်း။ |
မေရာရိ၏သားမြေးများတွင် ဟောသ၏သားရှိမရိသည် သားဦးမဟုတ်သော်လည်း သူ့ဖခင်သည် သူ့ကို သားဦးအရာ၌ ထား၏။
မဲချရာတွင် ရှေလမိသည် အရှေ့ဘက်တံခါး၌ မဲကျ၏။ အကြံကောင်းဉာဏ်ကောင်းပေးနိုင်သူ၊ ရှေလမိ၏သားဇာခရိသည် မြောက်ဘက်တံခါး၌ မဲကျ၏။
ဤသူအားလုံးတို့သည် ဩဗဒေဒုံ၏သားမြေးများ ဖြစ်ကြ၏။ သူတို့၏သားများ ညီအစ်ကိုများသည် အမှုတော်လုပ်ငန်းတွင် ရဲစွမ်းသတ္တိထက်မြက်၍ ခွန်အားကြီးသောသူများဖြစ်၏။ ဩဗဒေဒုံ၌ သားမြေးပေါင်း ခြောက်ဆယ့်နှစ်ယောက် ရှိ၏။