ဩဗဒေဒုံ၏သားဖြစ်သော ရှေမာယ၏သားများသည် ရဲစွမ်းသတ္တိရှိသူများဖြစ်သောကြောင့် သူတို့၏ဘိုးဘေးအိမ်ထောင်စုတွင် ခေါင်းဆောင်များဖြစ်ကြ၏။
၁ ရာချုပ် 26:7 - မြန်မာ့စံမီသမ္မာကျမ်း ရှေမာယ၏သားများမှာ ဩသနိ၊ ရေဖေလ၊ ဩဗက်၊ ဧလဇာဗဒ်နှင့် ရဲစွမ်းသတ္တိထက်မြက်သည့် သူတို့၏ညီအစ်ကိုများဖြစ်သော ဧလိဟုနှင့်သေမခိ တို့ဖြစ်ကြ၏။ Garrad Bible အ မည် များ ကား သြ သ နိ၊ ရေ ဖေ လ၊ သြ ဗက်၊ ဧ လ ဇာ ဗဒ် တို့ နှင့် ခွန် အား ကြီး သူ ညီ ဧ လိ ဟု၊ သေ ခ မိ တို့ တည်း။ |
ဩဗဒေဒုံ၏သားဖြစ်သော ရှေမာယ၏သားများသည် ရဲစွမ်းသတ္တိရှိသူများဖြစ်သောကြောင့် သူတို့၏ဘိုးဘေးအိမ်ထောင်စုတွင် ခေါင်းဆောင်များဖြစ်ကြ၏။
ဤသူအားလုံးတို့သည် ဩဗဒေဒုံ၏သားမြေးများ ဖြစ်ကြ၏။ သူတို့၏သားများ ညီအစ်ကိုများသည် အမှုတော်လုပ်ငန်းတွင် ရဲစွမ်းသတ္တိထက်မြက်၍ ခွန်အားကြီးသောသူများဖြစ်၏။ ဩဗဒေဒုံ၌ သားမြေးပေါင်း ခြောက်ဆယ့်နှစ်ယောက် ရှိ၏။
ကောရေ၏မြစ်၊ ဧဗျာသပ်၏မြေး၊ ကောရ၏သား ရှလ္လုံနှင့် သူ၏ဘိုးဘေးအိမ်ထောင်စုမှ ဆွေမျိုးသားချင်းဖြစ်သော ကောရအမျိုးတို့သည် တဲတော်တံခါး စောင့်ကြပ်သောအမှုကို ထမ်းဆောင်ရသူများ ဖြစ်၏။ သူတို့၏ဘိုးဘေးများသည်လည်း ထာဝရဘုရားကိန်းဝပ်တော်မူရာတဲတော်ဝင်ပေါက်ကို စောင့်ကြပ်ခဲ့ရသူများ ဖြစ်၏။