မဲချရာတွင် ရှေလမိသည် အရှေ့ဘက်တံခါး၌ မဲကျ၏။ အကြံကောင်းဉာဏ်ကောင်းပေးနိုင်သူ၊ ရှေလမိ၏သားဇာခရိသည် မြောက်ဘက်တံခါး၌ မဲကျ၏။
၁ ရာချုပ် 26:15 - မြန်မာ့စံမီသမ္မာကျမ်း ဩဗဒေဒုံသည် တောင်ဘက်တံခါးတွင် မဲကျ၏။ သူ့သားတို့မူကား သိုလှောင်ရုံတံခါး၌ မဲကျ၏။ Common Language Bible သြဗဒေဒုံသည်တောင်တံခါးကိုစောင့်ရန် တာဝန်ကျ၏။ သူ၏သားတို့သည်ကုန် လှောင်ရုံကိုစောင့်ရကြ၏။- Garrad Bible သြ ဗ ဒေ ဒုံ သည် တောင် မျက် နှာ ကို လည်း ကောင်း၊ သား များ သည် အ ဆောင် အ ရွက် တော် တိုက် ကို လည်း ကောင်း၊ Judson Bible ဩဗဒေဒုံသည် တောင်မျက်နှာကိုလည်းကောင်း၊ သူ၏သားတို့သည် အသုပိမ်အိမ်ကိုလည်းကောင်းရ၏။ |
မဲချရာတွင် ရှေလမိသည် အရှေ့ဘက်တံခါး၌ မဲကျ၏။ အကြံကောင်းဉာဏ်ကောင်းပေးနိုင်သူ၊ ရှေလမိ၏သားဇာခရိသည် မြောက်ဘက်တံခါး၌ မဲကျ၏။
ရှုပိမ်နှင့်ဟောသတို့သည် အနောက်ဘက်တောင်ပေါ်တက်သွားသောလမ်းပေါ်ရှိ ရှလ္လေခက်တံခါး၌ မဲကျပြီး အစောင့်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်လျက် စောင့်ရ၏။
အရှေ့ဘက်၌ လေဝိအမျိုးသားခြောက်ယောက်၊ မြောက်ဘက်၌ တစ်ရက်တွင် လေးယောက်၊ တောင်ဘက်၌ တစ်ရက်တွင် လေးယောက်နှင့် သိုလှောင်ရုံများ၌ နှစ်ယောက်စီ စောင့်ကြပ်ကြရ၏။
ဘုရားသခင်၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်၌ တွေ့သမျှသော ရွှေငွေအားလုံး၊ အသုံးအဆောင်အားလုံးကိုသိမ်းယူ၍ ဩဗဒေဒုံနှင့်ဓားစာခံများကိုလည်း ဖမ်းဆီးပြီး ရှမာရိမြို့သို့ ပြန်သွားလေ၏။
မတ္တနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည် သိုလှောင်ခန်းတံခါးတွင်စောင့်ကြပ်သော တံခါးစောင့်များဖြစ်ကြ၏။