သူတို့၏ဘိုးဘေးအိမ်ထောင်စုအလိုက် လူကြီးလူငယ်မရွေး တံခါးတစ်ခုစီတွင် တာဝန်ကျမည့်သူများကိုမဲချခွဲဝေပေး၏။
လူဦးရေအနည်းအများကိုပမာဏမထား ဘဲအိမ်ထောင်စုတိုင်းပင်လျှင် မိမိတို့အစောင့် တာဝန်ကျမည့်တံခါးကိုမဲနှိုက်၍ယူရကြ၏။-
တံ ခါး တိုင်း အ ဖို့ အိမ် ထောင် များ အ လိုက် အ ကြီး အ ငယ် မ ခြား မဲ ချ ကြ ရာ၊
ထိုသူအကြီးအငယ်တို့သည်၊ မိမိတို့ အဆွေအမျိုးအလိုက် တံခါးအသီးအသီးစောင့်စေခြင်းငှာ စာရေးတံပြုကြ၍၊
သူတို့သည်လည်း ဆွေမျိုးသားချင်းအာရုန်၏သားမြေးများကဲ့သို့ပင် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်နှင့် ယဇ်ပုရောဟိတ်တို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူး၊ လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ရှေ့တွင် ညီအစ်ကိုကြီးငယ်မရွေးမဲချကြ၏။
ဧလာဇာသားမြေးနှင့် ဣသမာသားမြေးတို့သည် သန့်ရှင်းရာဌာန၏အကြီးအကဲများ၊ ဘုရားသခင်အမှုတော်ဆောင်အကြီးအကဲများဖြစ်သောကြောင့် သူတို့ကို မဲချ၍ ညီတူညီမျှခွဲခန့်ထား၏။
သူတို့သည် အကြီးအငယ်၊ ဆရာတပည့် မခွဲခြားဘဲ မဲချ၍ တာဝန်ယူကြရ၏။
ဤတံခါးစောင့်များအဖွဲ့တွင် ခေါင်းဆောင်လုပ်သူများသည်လည်း ညီအစ်ကိုများနည်းတူ ထာဝရဘုရား၏အိမ်တော်တွင် အမှုတော်ကိုထမ်းဆောင်ရ၏။
မဲချရာတွင် ရှေလမိသည် အရှေ့ဘက်တံခါး၌ မဲကျ၏။ အကြံကောင်းဉာဏ်ကောင်းပေးနိုင်သူ၊ ရှေလမိ၏သားဇာခရိသည် မြောက်ဘက်တံခါး၌ မဲကျ၏။