ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
၁ ရာချုပ် 23:30 - မြန်မာ့စံမီသမ္မာကျမ်း နံနက်တိုင်း ထာဝရဘုရား၏ကျေးဇူးတော်ချီးမွမ်းဖို့ ရှေ့တော်တွင် ရပ်နေရသကဲ့သို့ ညနေခင်းတွင်လည်း ထိုနည်းတူပြု၏။ Common Language Bible သူတို့သည်နံနက်တိုင်းညနေတိုင်းဥပုသ် နေ့၊ လဆန်းပွဲတော်နေ့များတွင်ပူဇော် သကာဆက်သချိန်တိုင်း ထာဝရဘုရား ကိုထောမနာပြု၍ဘုန်းအသရေတော် ချီးကူးရကြ၏။ ဤအမှုကိုတစ်ကြိမ် လျှင်လေဝိအနွယ်ဝင်မည်မျှဆောင်ရွက် ရမည်ကိုသတ်မှတ်ထားသည့်နည်းဥပဒေ များရှိ၏။ လေဝိအနွယ်ဝင်တို့အစဉ်အမြဲ ထမ်းဆောင်ရကြသည့် တာဝန်ဝတ္တရားမှာ ထာဝရဘုရားအားရှိခိုးဝတ်ပြုကြ ရန်ပင်ဖြစ်ပေသည်။- Garrad Bible ထာ ဝ ရ ဘု ရား၏ ကျေး ဇူး တော် ဂုဏ် တော် ကို ညဉ့် နံ နက် တိုင်း ရပ် လျက် ချီး မွမ်း ခြင်း၊ Judson Bible နံနက်တိုင်း၊ ညဉ့်ဦးတိုင်းရပ်လျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ဝန်ခံ၍ ထာဝရဘုရား၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းရကြမည်။ |
ဆင့်ထားသောရှေ့တော်မုန့်၊ ဘောဇဉ်ပူဇော်သက္ကာဖို့ အကောင်းဆုံးဂျုံမှုန့်၊ တဆေးမဲ့မုန့်ကြွပ်၊ ဒယ်ပြားနှင့်လုပ်သောမုန့်၊ ဆီနှင့်ကြော်သောမုန့် စသည်တို့နှင့် ချိန်ခွက်အရွယ်အစား အမျိုးမျိုးတို့ကို တာဝန်ယူလုပ်ဆောင်ရ၏။
ဥပုသ်နေ့၊ လဆန်းနေ့၊ သတ်မှတ်ထားသောပွဲတော်နေ့များတွင် ထာဝရဘုရားထံ ပူဇော်ရမည့်မီးရှို့ရာယဇ်အားလုံးကို စီရင်ထုံးဖွဲ့ထားသောအရေအတွက်နှင့်အညီ ထာဝရဘုရားရှေ့တော်၌ ပုံမှန်ပူဇော်ရ၏။
တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။
သူတို့သည် အစောင့်တာဝန်များကိုသာမက နံနက်တိုင်း တံခါးသော့ဖွင့်ပေးရသောတာဝန်ကိုပါ ယူရသဖြင့် ဘုရားသခင်၏အိမ်တော်ဝန်းကျင်တွင်ပင် ညအိပ်ရ၏။
အိမ်တော်အခန်းများတွင်နေထိုင်ရသော လေဝိမျိုးနွယ်စုခေါင်းဆောင်သီချင်းသည်တို့သည် နေ့ရောညပါအမှုတော်ထမ်းရသောကြောင့် အခြားတာဝန်များနှင့် ကင်းလွတ်ခွင့်ရကြ၏။
ထို့နောက် ဟေဇကိမင်းကြီးသည် ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့ကို အဖွဲ့လိုက်တာဝန်ခွဲပေး၏။ ယဇ်ပုရောဟိတ်နှင့် လေဝိအမျိုးတို့သည် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို အဖွဲ့လိုက်အလှည့်ကျထမ်းဆောင်ကြရ၏။ သူတို့သည် မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကို ပူဇော်ရ၏။ ထာဝရဘုရားစံတော်မူရာဌာနတော်၏တံခါးများ၌ရပ်၍ အမှုတော်ထမ်းဆောင်လျက် ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဂုဏ်တော်ချီးမွမ်းသီဆိုခြင်းကို ပြုရ၏။
သူတို့သည် ပလ္လင်တော်ရှေ့၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် သက်ကြီးဝါကြီးတို့၏ရှေ့၌လည်းကောင်း သီချင်းသစ်ကိုသီဆိုကြ၏။ ကမ္ဘာမြေကြီးပေါ်မှ ရွေးနုတ်ဝယ်ယူခြင်းခံရသူ တစ်သိန်းလေးသောင်းလေးထောင်တို့မှတစ်ပါး မည်သူကမျှ ထိုသီချင်းကိုမသင်ယူနိုင်ပေ။