အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
၁ ရာချုပ် 22:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ ‘သင်သည် တိုက်ပွဲများစွာတိုက်ပြီး လူအသက်များစွာကို သတ်လေပြီ။ ငါ့မျက်မှောက်၌ လူအသက်များစွာကို မြေကြီးပေါ်မှာ သင်သတ်ခဲ့လေပြီဖြစ်၍ ငါ့နာမတည်ရာအိမ်တော်ကို သင်မတည်ဆောက်ရ။ Common Language Bible သို့ရာတွင်ထာဝရဘုရားကငါသည် လူအမြောက်အမြားကိုသတ်ခဲ့သူ၊ စစ်ပွဲ အမြောက်အများကိုဝင်ခဲ့သူဖြစ်သဖြင့် ငါဖြစ်ပွားစေခဲ့သည့်သွေးထွက်သံယိုမှု အပေါင်းကိုအကြောင်းပြု၍ ငါ့အားဗိမာန် တော်တည်ဆောက်ခွင့်ကိုပေးတော်မမူ။- Garrad Bible ငါ့ ထံ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရောက် လာ သည် မှာ သင် သည် အား ကြီး စွာ စစ် တိုက်၍၊ လူ့ အ သွေး အ မြောက် အ မြား သွန်း ခဲ့ လေ ပြီ။ ငါ့ မျက် မှောက်၊ မြေ ပေါ် တွင် အ သွေး များ စွာ သွန်း သော ကြောင့် ငါ့ နာ မ အ ဖို့ ဗိ မာန် ကို မ တည် မ ဆောက် ထိုက်။ Judson Bible သို့ရာတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာစစ်တိုက်၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသောကြောင့်၊ ငါ့နာမအဖို့ အိမ်ကို မတည်မဆောက်ရ။ |
အကျွန်ုပ်၏သခင်အရှင်မင်းကြီး၊ အစ္စရေးတစ်မျိုးနွယ်လုံးက အရှင်မင်းကြီးကို စောင့်ကြည့်နေကြပါ၏။ အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ နန်းမွေဆက်ခံမည်ကို သူတို့အား မိန့်တော်မူပါ။
ရှင်ဘုရင်၏အမိန့်တော်အတိုင်း ကျောက်များကိုဆစ်၍ အိမ်တော်အုတ်မြစ်ချနိုင်ရန် ကျောက်တုံးကြီးများ၊ ကျောက်ကောင်းကျောက်မြတ်များကို တူးယူကြ၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးသည် သူ၏ရန်သူတို့ကို သူ့ခြေဖဝါးအောက်သို့ ထာဝရဘုရားမချထားမီအချိန်ထိ သူ့အား တိုက်ပွဲများဝိုင်းရံလျက်ရှိသောကြောင့် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ ဗိမာန်တော်ကို တည်ဆောက်ခွင့်မရခဲ့ကြောင်း မင်းကြီးသိပါ၏။
သို့သော် အိမ်တော်ကို သင်မတည်ဆောက်ရ။ သင့်ရင်သွေး၊ သင့်သားသာလျှင် ငါ့နာမအဖို့ အိမ်တော်ကို တည်ဆောက်ရလိမ့်မည်’ဟု မိန့်ဆိုခဲ့၏။
သို့သော် ဘုရားသခင်က ‘သင်သည် စစ်သူရဲဖြစ်၍ လူ့အသက်ကို သတ်ခဲ့သောကြောင့် ငါ့နာမတည်ရာအိမ်တော်ကို သင်မဆောက်ရ’ဟု ငါ့အား မိန့်တော်မူ၏။
သင်တို့၏အဝတ်နှင့် သားရေအသုံးအဆောင်ရှိသမျှ၊ ဆိတ်မွေးဖြင့်ပြုလုပ်ထားသောအရာနှင့် သစ်သားအသုံးအဆောင် ရှိသမျှတို့ကိုလည်း သန့်စင်စေရမည်”ဟု ဆိုလေ၏။
သတ္တမနေ့၌ သင်တို့အဝတ်ကို လျှော်၍ သင်တို့စင်ကြယ်ပြီးမှ တပ်စခန်းတွင်းသို့ ဝင်ခွင့်ရှိ၏”ဟု ဆို၏။