သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘကိုလွှမ်းမိုးနိုင်သဖြင့် ယွာဘလည်း ထွက်သွား၍ အစ္စရေးပြည်တစ်ပြည်လုံးသို့ လှည့်လည်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
သို့ရာတွင်မင်းကြီးသည်မိမိ၏အမိန့် အတိုင်းလိုက်နာစေတော်မူ၏။ ယွာဘသည် ထွက်ခွာသွားပြီးလျှင် ဣသရေလနိုင်ငံ တစ်ခုလုံးသို့လှည့်လည်ကာယေရုရှလင် မြို့သို့ပြန်လာ၏။-
ယွာ ဘ အ ပေါ် တွင် အ မိန့် တော် လွှမ်း မိုး သ ဖြင့် ယွာ ဘ သည် ဣ သ ရေ လ ပြည် လုံး နှံ့ ထွက် သွား လှည့် လည် ၍ ယေ ရု ရှ လင် မြို့ သို့ ပြန် ရောက် သည့် ကာ လ၊
သို့သော်လည်း အမိန့်တော်သည် ယွာဘစကားကို နိုင်သဖြင့်၊ ယွာဘသည်ထွက်၍ ဣသရေလပြည် တစ်လျှောက်လုံးသို့သွားပြီးမှ၊ ယေရုရှလင်မြို့သို့ ပြန်လာ၏။
ယွာဘကလည်း “ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သူတို့အားလုံးသည် အကျွန်ုပ်သခင်၏အစေအပါးများပင် ဖြစ်ကြသည်မဟုတ်လော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း။ အဘယ်ကြောင့် အစ္စရေးလူမျိုးတို့အပေါ် အပြစ်သက်ရောက်စေမည်နည်း”ဟု လျှောက်တင်၏။
ယွာဘသည် လူအရေအတွက်စာရင်းကို ဒါဝိဒ်မင်းကြီးထံ ပေးအပ်၏။ စာရင်းအရ အစ္စရေးတစ်မျိုးနွယ်လုံးတွင် ဓားကိုင်တပ်သား အားလုံးပေါင်းအယောက်တစ်ဆယ့်တစ်သိန်း၊ ယုဒအမျိုးတွင် ဓားကိုင်တပ်သား အယောက်လေးသိန်းခုနစ်သောင်း ရှိ၏။
သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။
ရှင်ဘုရင်၏အမိန့်၌ အခွင့်အာဏာရှိ၏။ “သင်ဘာလုပ်နေသနည်း”ဟု သူ့ကိုမည်သူပြောနိုင်သနည်း။
ထိုသို့ ကယ်တင်တော်မမူလျှင်လည်း အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏ဘုရားများကို မကိုးကွယ်၊ မင်းကြီးတည်ထားသောရွှေရုပ်တုကိုလည်း ရှိခိုးမည်မဟုတ်ကြောင်း သိမှတ်တော်မူပါ”ဟု မင်းကြီးအား ပြန်လျှောက်ကြ၏။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။