အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
၁ ရာချုပ် 20:8 - မြန်မာ့စံမီသမ္မာကျမ်း ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။ Common Language Bible ဒါဝိဒ်နှင့်သူ၏တပ်သားတို့သတ်ဖြတ်ပစ် ကြသည့်ဤလူသုံးဦးတို့သည် ဂါသမြို့ မှကိုယ်လက်ကြီးထွားသည့်လူမျိုးအဆက် အနွယ်များဖြစ်သတည်း။ Garrad Bible ဒါ ဝိဒ် မင်း နှင့် နောက် ပါ တို့ လက် ရုံး ရည် ဖြင့် ကျ ဆုံး သော ထို သူ တို့ ကား ဂါ သ မြို့ နေ ရေ ဖိမ်၏ အ နွယ် ဖြစ် ကြ သ တည်း။ Judson Bible ဤသူတို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီးသားဖြစ်၍ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။ |
အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။
အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
တစ်ဖန် စာတန်သည် အစ္စရေးလူမျိုးတို့ကို ဆန့်ကျင်လို၍ အစ္စရေးလူမျိုးတို့၏အရေအတွက်ကို စာရင်းကောက်ယူရန် ဒါဝိဒ်မင်းကြီး၏စိတ်ကို နှိုးဆော်၏။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။