ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။
၁ ရာချုပ် 19:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတင်းကို ဒါဝိဒ်မင်းကြီးကြားလျှင် ယွာဘနှင့် စစ်သူရဲတပ်တစ်တပ်လုံးကို စေလွှတ်၏။ Common Language Bible ဒါဝိဒ်သည်ဤအကြောင်းအရာကိုကြား သောအခါ ယွာဘနှင့်တပ်မတော်ကြီး တစ်ခုလုံးကိုစေလွှတ်တော်မူ၏။- Garrad Bible ယွာ ဘ နှင့် သူ ရဲ ကောင်း တပ် အ လုံး အ ရင်း တို့ ကို ချီ တက် စေ ရာ၊ Judson Bible ထိုသတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲ အလုံးအရင်းအပေါင်းကို စေလွှတ်၏။ |
ထို့နောက် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးကို ဦးစွာတိုက်ခိုက်နိုင်သူအား ဗိုလ်ချုပ်ကြီးရာထူးပေးမည်”ဟု မိန့်ဆိုလျှင် ဇေရုယာ၏သားယွာဘသည် ဦးစွာသွားတိုက်၏။ ထို့ကြောင့် သူသည် ဗိုလ်ချုပ်ကြီး ဖြစ်လာလေ၏။
သူတို့သည် မေဒဘအနီး၌စခန်းချနေသော မာခါဘုရင်၏စစ်သည်တော်များနှင့် စစ်ရထားအစီးသုံးသောင်းနှစ်ထောင်တို့ကို ငှားရမ်းပြီး စစ်ချီလာကြ၏။ အမ္မုန်အမျိုးသားတို့ကလည်း မြို့ရွာတို့မှစုရုံး၍ စစ်တိုက်ရန် ချီလာကြ၏။
အမ္မုန်အမျိုးသားတို့လည်း ချီလာပြီး မြို့တံခါးဝတွင် စစ်ခင်းကျင်းကြ၏။ လိုက်ပါလာသောဘုရင်တို့မှာ မြို့ပြင်တွင် အသီးသီးစစ်ခင်းကျင်းကြ၏။