ထို့နောက် ယွာဘနှင့် သူ့တပ်သားတို့သည် စစ်တိုက်ရန်ရှေ့တိုးလာကြသောအခါ ဆီးရီးယားလူမျိုးတို့သည် သူတို့ရှေ့မှထွက်ပြေးကြ၏။
၁ ရာချုပ် 19:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ဆီးရီးယားလူမျိုးတို့ ထွက်ပြေးကြသည်ကို အမ္မုန်အမျိုးသားတို့မြင်သောအခါ သူတို့လည်း ယွာဘ၏ညီအဘိရှဲရှေ့မှ မြို့ထဲသို့ပြန်ပြေးဝင်ကြ၏။ ထို့နောက် ယွာဘသည် ဂျေရုဆလင်မြို့သို့ ပြန်လာ၏။ Common Language Bible ယင်းသို့ထွက်ပြေးသည်ကိုအမ္မုန်တပ်သား တို့မြင်သောအခါ သူတို့သည်လည်းအဘိရှဲ ၏ရှေ့မှထွက်ပြေးကာမြို့တွင်းသို့ဆုတ် ခွာသွားကြကုန်၏။ ထိုအခါယွာဘသည် ယေရုရှလင်မြို့သို့ပြန်လေ၏။ Garrad Bible အ မ္မုန် အ မျိုး သား တို့ လည်း ရှု ရိ တပ် ဆုတ် ပြေး ရ သည် ကို သိ မြင် လျှင် ညီ အ ဘိ ရှဲ ရှေ့ မှ မြို့ တွင်း သို့ ဆုတ် ပြေး ခို ဝင် ကြ သည် နှင့် ယွာ ဘ သည် ယေ ရု ရှ လင် မြို့ သို့ ပြန် ချီ လေ ၏။ Judson Bible ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။ |
ထို့နောက် ယွာဘနှင့် သူ့တပ်သားတို့သည် စစ်တိုက်ရန်ရှေ့တိုးလာကြသောအခါ ဆီးရီးယားလူမျိုးတို့သည် သူတို့ရှေ့မှထွက်ပြေးကြ၏။
အစ္စရေးလူမျိုးတို့ကို မိမိတို့ရှုံးနိမ့်ကြောင်း ဆီးရီးယားလူမျိုးတို့သိလျှင် တမန်တို့ကိုစေလွှတ်ပြီး ယူဖရေးတီးမြစ်တစ်ဖက်ကမ်းရှိဆီးရီးယားလူမျိုးတို့ကို ခေါ်လာစေ၏။ ဟာဒဒေဇာမင်းကြီး၏စစ်သူကြီးရှောဗက်သည် သူတို့ကို ဦးဆောင်လာ၏။
သင်တို့သည် ရန်သူတို့ကိုလိုက်၍ သူတို့သည် သင်တို့ရှေ့မှောက်၌ ဓားလက်နက်ဖြင့် ကျဆုံးကြရလိမ့်မည်။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။