အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
၁ ရာချုပ် 16:39 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ဆွေမျိုးသားချင်းယဇ်ပုရောဟိတ်တို့ကို ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်ရှိ ထာဝရဘုရား၏တဲတော်ရှေ့တွင် နေရာချထား၏။ Common Language Bible ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်သူ၏အဖော်ယဇ် ပုရောဟိတ်များမူကား ဂိဗောင်၌ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရာဌာနတွင် တာဝန်ယူရကြလေသည်။- Garrad Bible ထို ဌာ န၌ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ရှေ့ ထား ခဲ့၏။ ဣ သ ရေ လ လူ မျိုး အား ထာ ဝ ရ ဘုရား ပ ညတ် တော် မူ ခဲ့ သော တ ရား အ ရ ဂိ ဗောင် မြို့ ရှိ မြင့် ရာ ဌာ န ၌ ထာ ၀ ရ ဘု ရား ၏ စံ ရာ တော် ရှေ့ မီး ရှို့ ပူ ဇော် ရာ ပ လ္လင် တော် ထက်၊ နံ နက် ညဉ့် ဦး နေ့ စဉ် မ ပြတ် ထာ ဝ ရ ဘု ရား အား မီး ရှို့ ရာ သ က္ကာ ပူ ဇော် စေ ရန် ပရော ဟိတ် ဇာ ဒုတ် မှ စ၍ ဆွေ မျိုး သား ချင်း ပ ရော ဟိတ် တို့ ကို လည်း ကောင်း၊ Judson Bible မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ နေ့ရက်အစဉ် အတိုင်း၊ နံနက်တစ်ခါ ညဉ့်ဦးတစ်ခါ ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်၍၊ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော ပညတ္တိကျမ်းစာ၌ပါသမျှအတိုင်း ပြုစေခြင်းငှာ၊ ဂိဗောင်မြို့၌ မြင့်သောအရပ်ပေါ်မှာရှိသော ထာဝရဘုရား တဲတော်ရှေ့တွင်၊ ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် သူ၏ညီ ယဇ်ပုရောဟိတ်များကိုလည်း ထားတော်မူ၏။ |
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
သို့သော် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣနှင့် ဒါဝိဒ်မင်းကြီး၏စစ်သူရဲတို့ကား အဒေါနိယဘက်၌ မနေကြပေ။
ဂိဗောင်မြို့သည် အရေးပါသောအထွတ်အမြတ်ထားရာနေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ယဇ်ပူဇော်ရန် ထိုနေရာသို့သွား၍ ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်တစ်ထောင်ကို မီးရှို့ပူဇော်၏။
ရဲစွမ်းသတ္တိထက်မြက်သောလူငယ် ဇာဒုတ်နှင့် သူ့ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူး နှစ်ဆယ့်နှစ်ယောက်၊
ထို့ပြင် ဒါဝိဒ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအမျိုး ဥရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကို ခေါ်ပြီး
ထိုစဉ်က တောကန္တာရတွင် မောရှေဆောက်လုပ်ခဲ့သော ထာဝရဘုရား၏တဲတော်နှင့်မီးရှို့ရာယဇ်ပလ္လင်တို့သည် ဂိဗောင်မြို့ရှိ အထွတ်အမြတ်ထားရာကုန်းမြင့်တွင် ရှိနေ၏။
ထို့နောက် ရှောလမုန်မင်းကြီးသည် တွေ့ဆုံစည်းဝေးရာတဲတော်ရှိရာ ဂိဗောင်မြို့၊ အထွတ်အမြတ်ထားရာကုန်းမြင့်မှ ဂျေရုဆလင်မြို့သို့ ပြန်လာ၏။ ထို့နောက် အစ္စရေးလူမျိုးကို အုပ်ချုပ်လေ၏။