ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။
၁ ရာချုပ် 10:6 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်အပါအဝင် သူ၏မိသားစုဝင်အပေါင်းတို့သည် အတူသေကြရလေ၏။ Common Language Bible ဤသို့လျှင်ရှောလုနှင့်သားသုံးယောက် စလုံးပင်ကွယ်လွန်ကြသဖြင့် သူ၏မင်း ဆက်ပြတ်လေတော့၏။- Garrad Bible ရှော လု မင်း မှ စ၍ သား တော် သုံး ပါး နှင့် ဆွေ တော် မျိုး တော် အ ပေါင်း တို့ ပါ ထို သို့ သေ ကြ ကုန်၏။ Judson Bible ထိုသို့ ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။ |
ရှောလုမင်းကြီး အနိစ္စရောက်သွားသည်ကိုမြင်လျှင် သူ၏လက်နက်ကိုင်လုလင်လည်း သူ့ဓားပေါ်လှဲချပြီး ရှောလုနှင့်အတူ သေလေ၏။
အစ္စရေးအမျိုးသားများထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များ ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်၌နေသော အစ္စရေးအမျိုးသားအပေါင်းတို့ သိမြင်လျှင် သူတို့လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။
သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။
ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်၊ လက်နက်ကိုင်လုလင်နှင့် သူ့နောက်လိုက်အပေါင်းတို့သည် ထိုနေ့တစ်နေ့ချင်းတွင် အတူသေကြရလေ၏။
ထိုသို့ ဘုရားသခင်၏သေတ္တာတော်အကြောင်းကို ကြားလိုက်ရသောအခါ ဧလိသည် မြို့တံခါးနား သူထိုင်နေသောထိုင်ခုံပေါ်မှ အနောက်သို့လန်ကျရာ အသက်လည်းကြီး လူလည်းဝသဖြင့် ဇက်ကျိုးကာ သေလေ၏။ သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ် စီရင်အုပ်ချုပ်ခဲ့၏။