၁ ရာချုပ် 1:39 - မြန်မာ့စံမီသမ္မာကျမ်း လောတန်၏သားများမှာ ဟောရိ၊ ဟောမံ တို့ဖြစ်ကြ၏။ လောတန်၏နှမမှာ တိမနဖြစ်၏။ Garrad Bible လော တန့် သား များ ကား၊ ဟော ရိ နှင့် ဟော မံ တို့ တည်း။ Judson Bible လောတန်သားကား ဟောရိနှင့် ဟေမံတည်း။ လောတန်နှမကား တိမနတည်း။ |
စိရ၏သားများမှာ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန် တို့ဖြစ်ကြ၏။
ရှောဗလ၏သားများမှာ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖောနှင့်ဩနံ တို့ဖြစ်ကြ၏။ ဇိဘောင်၏သားများမှာ အာယနှင့်အာန တို့ဖြစ်ကြ၏။
ယခင်က စိရပြည်၌ ဟောရိလူမျိုးတို့ နေထိုင်ကြ၏။ အစ္စရေးလူမျိုးတို့သည် မိမိတို့အား ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်ကိုပြုသကဲ့သို့ ဧသောသားမြေးတို့သည်လည်း ဟောရိပြည်ကိုသိမ်းပိုက်၍ ဟောရိလူမျိုးတို့ကို မိမိတို့ရှေ့မှောက်မှ သုတ်သင်ပယ်ရှင်းကာ သူတို့၏နေရာ၌ နေထိုင်ကြ၏။)
ဤသည်ကား စိရပြည်၌နေထိုင်သောဧသောသားမြေးတို့အတွက် ထာဝရဘုရားသည် ဟောရိလူမျိုးတို့ကို သူတို့ရှေ့မှောက်မှသုတ်သင်ပယ်ရှင်းတော်မူသဖြင့် သူတို့သည် ဟောရိပြည်ကိုသိမ်းပိုက်ပြီး ထိုပြည်၌ ယနေ့တိုင်အောင် နေထိုင်သကဲ့သို့ပင်ဖြစ်၏။