လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
၁ ရာ 8:20 - မြန်မာ့စံမီသမ္မာကျမ်း သို့မှ အကျွန်ုပ်တို့သည်လည်း လူမျိုးခြားအပေါင်းတို့နှင့် တူလိမ့်မည်။ အကျွန်ုပ်တို့၏ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်လိမ့်မည်။ အကျွန်ုပ်တို့ရှေ့မှချီတက်၍ စစ်တိုက်လိမ့်မည်”ဟု ဆိုကြ၏။ Judson Bible အကျွန်ုပ်တို့သည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူမည်အကြောင်း အကျွန်ုပ်တို့ကို အုပ်စိုးသော ရှင်ဘုရင်ရှိရမည်။ အကျွန်ုပ်တို့ရှေ့မှာထွက်ကြွ၍ စစ်တိုက်ရမည်ဟု ရှမွေလ၏စကားကို နားမထောင်ဘဲ ဆိုကြ၏။ |
လူမျိုးခြားတို့နှင့် ရောနှောဆက်ဆံ၍ ထိုသူတို့၏ဓလေ့ထုံးစံများကို သင်ယူကြ၏။
အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရကြောင်းကို မည်သို့သိရပါမည်နည်း။ အကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ကြွတော်မူသောအားဖြင့်သာ မဟုတ်လော။ ဤသို့ဖြင့် အကျွန်ုပ်နှင့်ကိုယ်တော်၏လူမျိုးတော်သည် ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့နှင့် ကွဲပြားခြားနားပါမည်”ဟု ကိုယ်တော်အားလျှောက်လေ၏။
သူ့ကို ကျောက်ဆောင်ထိပ်မှ ငါတွေ့ရ၏။ သူ့ကို တောင်ကုန်းပေါ်မှ ငါမြင်ရ၏။ ထိုလူမျိုးသည် တသီးတခြားနေ၏။ လူမျိုးခြားတို့နှင့်ရောနှောခြင်းမရှိ။
သင်တို့သည် ဤလောကနှင့်ဆိုင်ခဲ့လျှင် လောကီသားတို့သည် မိမိတို့နှင့်ဆိုင်သောသင်တို့ကို ချစ်ခဲ့ကြပေလိမ့်မည်။ သို့သော် သင်တို့သည် ဤလောကနှင့်မဆိုင်။ ငါသည် သင်တို့ကို ဤလောကမှ ရွေးကောက်ခဲ့ပြီဖြစ်သောကြောင့် လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။
မျှော်လင့်ခြင်း၌ဝမ်းမြောက်လျက် ဆင်းရဲဒုက္ခကိုသည်းခံကာ ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုကြလော့။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။
သို့သော် ငါတို့၏နိုင်ငံသားအရိုက်အရာသည် ကောင်းကင်ဘုံ၌ရှိ၏။ ထိုအရပ်မှကြွလာတော်မူမည့် ကယ်တင်ရှင်သခင်ယေရှုခရစ်တော်ကို ငါတို့စောင့်မျှော်နေကြ၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
အမ္မုန်ဘုရင်နာဟတ်မင်းကြီး စစ်ချီလာသည်ကို သင်တို့မြင်သောအခါ ဘုရားသခင်ထာဝရဘုရားသည် သင်တို့၏ဘုရင်ဖြစ်နေလျက်နှင့်ပင် သင်တို့က ငါ့အား ‘မဟုတ်ပါ၊ အကျွန်ုပ်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်ကို ခန့်ပေးပါ’ဟု တောင်းဆိုကြ၏။
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။
ရှမွေလအား “ကြည့်ရှုလော့။ ယခု အရှင် အသက်ကြီးပြီ။ အရှင့်သားတို့သည်လည်း အရှင်လျှောက်ခဲ့သည့်လမ်းအတိုင်း မလိုက်လျှောက်ကြပါ။ ထို့ကြောင့် လူမျိုးခြားအပေါင်းတို့နည်းတူ အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို အကျွန်ုပ်တို့အတွက် တင်မြှောက်ပေးပါလော့”ဟု ဆိုကြ၏။