ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ ဂါသမြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလိုက်၏။
၁ ရာ 7:14 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးတို့ထံမှ ဖိလိတ္တိလူမျိုးတို့ သိမ်းပိုက်ခဲ့သောမြို့များကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် အစ္စရေးလူမျိုးတို့ ပြန်လည်ရရှိကြ၏။ ဖိလိတ္တိလူမျိုးတို့လက်မှ အစ္စရေးလူမျိုးတို့အပိုင် နယ်မြေများကို ပြန်လည်ရရှိကြ၏။ အစ္စရေးလူမျိုးတို့သည် အာမောရိလူမျိုးတို့နှင့်လည်း သင့်မြတ်ခြင်းရှိလေ၏။ Common Language Bible ဧကြုန်မြို့နှင့်ဂါသမြို့စပ်ကြားတွင်ဖိလိတ္တိ အမျိုးသားတို့သည် မိမိတို့သိမ်းပိုက်ထား ကြသည့်မြို့မှန်သမျှကိုဣသရေလအမျိုး သားတို့၏လက်သို့ပြန်လည်ပေးအပ်ရကြ သဖြင့် ဣသရေလအမျိုးသားတို့သည်မိမိ တို့၏နယ်မြေအားလုံးကိုပြန်လည်ရရှိကြ၏။ ထို့အပြင်ဣသရေလအမျိုးသားတို့နှင့် ခါနာန်အမျိုးသားတို့သည်သင့်မြတ်ငြိမ်း ချမ်းစွာနေထိုင်ကြလေသည်။ Garrad Bible ဖိ လိ တ္တိ လူ မျိုး တို့ သိမ်း ယူ ပြီး ဣ သ ရေ လ ပိုင် မြို့ ရွာ များ ကို ဧ ကြုန် မြို့ မှ စ၍ ဂါ သ မြို့ တိုင် အောင် ပြန် အပ် ရ ကြ၏။ ဣ သ ရေ လ လူ မျိုး သည် ဖိ လိ တ္တိ လူ မျိုး တို့ လက် မှ ကိုယ့် နယ် ကို အ ကုန် အ စင် ပြန် သိမ်း လျက် အာ မော ရိ ပြည် သား တို့ နှင့် မိတ် သဂ ဟ အ ဖြစ် နေ ထိုင် ကြ၏။ Judson Bible ဖိလိတ္တိလူတို့သည် သိမ်းယူသော ဣသရေလမြို့ရွာတို့ကို ဧကြုန်မြို့မှစ၍ ဂါသမြို့တိုင်အောင် ပြန်ပေးရကြ၏။ မြို့နယ်တို့ကိုလည်း ဣသရေလလူတို့သည် ဖိလိတ္တိလူတို့လက်မှ နုတ်ယူကြ၏။ ဣသရေလလူနှင့် အာမောရိလူတို့သည်လည်း စစ်မရှိ အသင့်အတင့်နေကြ၏။ |
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်နှိမ်နင်းပြီး ဖိလိတ္တိလူမျိုးတို့လက်မှ ဂါသမြို့နှင့်ဝန်းကျင်ရှိရွာများကို သိမ်းယူလိုက်၏။
လူမျိုးခြားတို့ကို ဖျက်ဆီးရန် သူတို့အား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူတို့သည် မပြုဘဲ
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
ထို့ကြောင့် အာမောရိဘုရင်ငါးပါးဖြစ်သော ဂျေရုဆလင်ဘုရင်၊ ဟေဗြုန်ဘုရင်၊ ယာမုတ်ဘုရင်၊ လာခိရှဘုရင်၊ ဧဂလုန်ဘုရင်တို့သည် သူတို့၏စစ်သည်အပေါင်းတို့နှင့်တကွ ပူးပေါင်းစစ်ချီကြ၏။ ဂိဗောင်မြို့အနီး၌ စခန်းချ၍ ဂိဗောင်မြို့ကို တိုက်ခိုက်ကြ၏။
တစ်ဖန် နယ်နိမိတ်သည် ဧကြုန်မြောက်ဘက်တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရှိကြုန်အရပ်သို့ကွေ့သွားပြီး ဗာလာတောင်ကိုဖြတ်၍ ယာဗနေလအရပ်သို့ဆက်သွား၏။ ထိုမှ နယ်နိမိတ်သည် ပင်လယ်၌ဆုံးလေ၏။
ဟာဇော်ဘုရင်ယာဘိန်မင်းကြီးနှင့် ကေနိလူမျိုး ဟေဗာ၏မိသားစုတို့သင့်မြတ်ကြသောကြောင့် သိသရသည် ကေနိလူမျိုး ဟေဗာ၏မယား ယေလ၏တဲသို့ ခြေကျင်ဖြင့် ထွက်ပြေးလေ၏။