ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူ၏။
၁ ရာ 4:17 - မြန်မာ့စံမီသမ္မာကျမ်း စစ်သတင်းကြားပြောသူကလည်း “အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ထံမှ ထွက်ပြေးရပါ၏။ လူအမြောက်အမြား ကျဆုံးပါ၏။ သခင်၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးပါပြီ။ ဘုရားသခင်၏သေတ္တာတော်လည်း ရန်သူ့လက်သို့ ပါသွားပါပြီ”ဟု ကြားပြောလေ၏။ Common Language Bible သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။ Garrad Bible ထို တ မန် က၊ ဣ သ ရေ လ တပ် သည် ဖိ လိ တ္တိ တပ် ရှေ့ ဆုတ် ပြေး ရ၍ အ လုပ် အ ကြံ ပြင်း ထန် လှ ပါ သည်။ အ ရှင့် သား ဟော ဖ နိ နှင့် ဖိ န ဟတ် နှစ် ပါး တို့ သေ ဆုံး ကြ ပါ ပြီ။ ဘု ရား သ ခင့် သေ တ္တာ တော် လည်း သုံ့ ရ ပါ သွား ပြီ ဟု လျှောက် ထား လေ၏။ Judson Bible တမန်က၊ ဣသရေလအမျိုးသည် ဖိလိတ္တိလူတို့ရှေ့မှာပြေး၍ ကြီးစွာသော လုပ်ကြံခြင်းကို ခံရကြပါပြီ။ ကိုယ်တော်၏သား၊ ဟောဖနိနှင့် ဖိနဟတ်နှစ်ယောက်တို့သည် သေပါပြီ။ ဘုရားသခင်၏ သေတ္တာတော်သည်လည်း ရန်သူလက်သို့ ရောက်ပါပြီဟု ပြန်လျှောက်လေ၏။ |
ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူ၏။
ကိုယ်တော်၏ယဇ်ပုရောဟိတ်တို့သည် ဓားဘေးဖြင့်ကျဆုံးကြ၍ ကိုယ်တော်၏မုဆိုးမတို့သည် မငိုကြွေးရကြပေ။
သင့်အဖို့ နိမိတ်လက္ခဏာကား သင့်သားနှစ်ဦးဖြစ်သော ဟောဖနိနှင့် ဖိနဟတ်တို့၌ ဖြစ်ပျက်မည့်အရာဖြစ်၏။ သူတို့နှစ်ဦးစလုံးသည် တစ်နေ့ချင်းတွင် သေရလိမ့်မည်။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ကြားရသူတိုင်း နားခါးစေမည့်အဖြစ်ကို အစ္စရေးလူမျိုးတွင် ငါပြုမည်။
ထိုနေ့ရက်တွင် ဧလိမှအစ သူ့အိမ်သူအိမ်သားတို့နှင့်ပတ်သက်၍ ငါမိန့်ဆိုထားသည့်အတိုင်း အစအဆုံးဖြစ်စေမည်။
ထိုသူက ဧလိအား “အကျွန်ုပ်သည် စစ်မြေပြင်မှ ထွက်ပြေးလာသူဖြစ်ပါ၏။ ယနေ့ပင် စစ်မြေပြင်မှ ထွက်ပြေးလာပါ၏”ဟု ပြောလျှင် ဧလိက “ငါ့သား၊ အခြေအနေ မည်သို့ရှိသနည်း”ဟု မေး၏။
ထိုသို့ ဘုရားသခင်၏သေတ္တာတော်အကြောင်းကို ကြားလိုက်ရသောအခါ ဧလိသည် မြို့တံခါးနား သူထိုင်နေသောထိုင်ခုံပေါ်မှ အနောက်သို့လန်ကျရာ အသက်လည်းကြီး လူလည်းဝသဖြင့် ဇက်ကျိုးကာ သေလေ၏။ သူသည် အစ္စရေးလူမျိုးတို့ကို အနှစ်လေးဆယ် စီရင်အုပ်ချုပ်ခဲ့၏။