အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။
၁ ရာ 4:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအော်ဟစ်သံများကို ဧလိကြားလျှင် “ဤအုတ်အော်သောင်းနင်းအသံများကား အဘယ်သို့နည်း”ဟု မေး၏။ ထိုသူလည်း အလျင်အမြန်လာပြီး ဧလိအားပြောပြလေ၏။ Common Language Bible ဧလိသည်ထိုအော်ဟစ်သံကိုကြားသော်``ဤ အသံကားအသို့နည်း'' ဟုမေး၏။ ထိုသူသည် လည်းဧလိထံသို့အမြန်လာရောက်ပြီးလျှင် အကျိုးအကြောင်းကိုလျှောက်ထား၏။- Garrad Bible တစ် မြို့ လုံး အော် ဟစ် ကြ ရာ အော် ဟစ် သံ ကို ဧ လိ ကြား သည် နှင့် ဤ အုတ် အုတ် သဲ သဲ အ သံ ကား မည် သို့ နည်း ဟု မေး စေ သော်၊ ထို သူ လျင် မြန် စွာ လာ ရောက်၍ ဧ လိ ကို ပြော ကြား လေ ၏။ Judson Bible အော်ဟစ်သံကို ဧလိကြားသော်၊ အုတ်အုတ်ကျက်ကျက်သော အသံကား၊ အဘယ်သို့နည်းဟုမေးလျှင်၊ ထိုသူသည် အလျင်အမြန်လာ၍ ဧလိအားလျှောက်လေ၏။ |
အို အာရော်မြို့သားတို့၊ လမ်း၌ရပ်လျက် စောင့်ကြည့်ကြလော့။ ထွက်ပြေးလာသောယောက်ျား၊ လွတ်မြောက်လာသောမိန်းမတို့ကို ‘ဘာဖြစ်သနည်း’ဟု မေးမြန်းလော့။
ထိုသူရောက်လာသောအချိန်တွင် ဧလိသည် ဘုရားသခင်၏သေတ္တာတော်အတွက် စိတ်ပူပန်သဖြင့် လမ်းဘေးထိုင်ခုံပေါ်၌ ထိုင်လျက်စောင့်နေ၏။ ထိုသူသည် မြို့ထဲသို့ရောက်လာပြီး စစ်သတင်းကို ပြောကြားသောအခါ တစ်မြို့လုံးအော်ဟစ်ငိုကြွေးကြ၏။
ထိုအချိန်၌ ဧလိသည် အသက်ကိုးဆယ့်ရှစ်နှစ်အရွယ်ရှိပြီး မျက်စိအားနည်း၍ မမြင်နိုင်တော့ပေ။