ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
၁ ရာ 31:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ရှောလုမင်းကြီး၏ဦးခေါင်းကိုဖြတ်၍ စစ်ဝတ်တန်ဆာများကိုလည်း ချွတ်ယူကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။ Common Language Bible သူတို့သည်ရှောလု၏ဦးခေါင်းကိုဖြတ်၍ သူ့ ထံမှချွတ်ယူသောလက်နက်တန်ဆာများနှင့် တကွ ဖိလိတ္တိပြည်ရှိမိမိတို့၏နတ်ဘုရား ရုပ်တုများနှင့် မိမိတို့၏အမျိုးသားများ ထံသတင်းကောင်းကိုပြောကြားရန်လူ လွှတ်ပေးပို့ကြလေသည်။- Garrad Bible ရှော လု မင်း ကျ ဆုံး သည် ကို တွေ့ မြင် ရာ ဦး ခေါင်း တော် ကို ဖြတ်၍ ချွတ် ယူ သော လက် နက် စုံ နှင့် တ ကွ ကိုယ့် ပြည် ရှိ ရုပ် ပွား ကျောင်း များ လူ သူ များ ထံ၊ သ တင်း ကြော် ငြာ ရာ အ ဖြစ် အ နှံ့ အ ပြား ပို့ လိုက် ကြ ၏။ Judson Bible ရှောလု၏ခေါင်းကိုဖြတ်၍ လက်နက်တော်ကိုချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။ |
ဖိလိတ္တိသမီးပျိုများ ဝမ်းမြောက်မည်ကို စိုး၍၊ အရေဖျားမလှီးသူတို့၏သမီးပျိုများ ရွှင်မြူးမည်ကိုစိုး၍ ဤအကြောင်းကို ဂါသမြို့တွင် မပြောကြပါနှင့်။ အာရှကေလုန်မြို့လမ်းများပေါ်တွင် မကြေညာကြပါနှင့်။
ဒါဝိဒ်သည် ပြေးသွား၍ ဖိလိတ္တိပြည်သားကို ဖိနင်းထား၏။ ထိုသူ၏ဓားကိုလည်း ဓားအိမ်မှဆွဲထုတ်ယူပြီးလျှင် ထိုဓားဖြင့် သူ့ကို သတ်ကာ ဦးခေါင်းကို ဖြတ်လေ၏။ ဖိလိတ္တိလူမျိုးတို့သည်လည်း မိမိတို့၏လူစွမ်းကောင်း ကျဆုံးသည်ကိုမြင်လျှင် ထွက်ပြေးကြလေ၏။
ဒါဝိဒ်သည်လည်း ထိုဖိလိတ္တိပြည်သား၏ဦးခေါင်းကို ယူပြီး ဂျေရုဆလင်မြို့သို့ ယူလာ၏။ ထိုသူ၏လက်နက်တို့ကိုမူ မိမိတဲ၌ထားလေ၏။
ထိုအခါ ရှောလုမင်းကြီးက သူ၏လက်နက်ကိုင်လုလင်အား “သင့်ဓားကို ထုတ်ပြီး ငါ့ကို ထိုးသတ်လိုက်ပါ။ သို့မဟုတ်လျှင် အရေဖျားလှီးခြင်းကိုမခံသောထိုသူတို့သည် လာ၍ ငါ့ကို ထိုးသတ်ပြီး ညှဉ်းဆဲကြလိမ့်မည်”ဟု ဆို၏။ သို့သော် လက်နက်ကိုင်လုလင်က အလွန်ကြောက်ရွံ့၍ မထိုးရဲဘဲနေ၏။ ထို့ကြောင့် ရှောလုမင်းကြီးသည် ဓားကိုယူပြီးလျှင် ထိုဓားပေါ်တွင် လှဲချလိုက်လေ၏။
နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကို ချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။