ထာဝရဘုရားက “ဝါကြွားသောသူမူကား ငါထာဝရဘုရားသည် ကမ္ဘာမြေပေါ်တွင် မေတ္တာကရုဏာပြသောဘုရား၊ တရားမျှတသောဘုရား၊ ဖြောင့်မတ်သောဘုရားဖြစ်၍ ထိုသို့ပြုခြင်းကို ငါနှစ်သက်ကြောင်း သိနားလည်ခြင်း၌သာ ဝါကြွားစေ”ဟု မိန့်တော်မူ၏။
၁ ရာ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ်က ရှမွေလသည် ထာဝရဘုရားနှင့်သိကျွမ်းခြင်းမရှိသေး။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုလည်း မရရှိဖူးသေး။ Garrad Bible ထို အ ခါ ရှ မွေ လ လ သည် ထာ ဝ ရ ဘု ရား ကို မ သိ မ ကျွမ်း၊ ဗျာ ဒိတ် တော် ကို လည်း မ ခံ ရ ဖူး သေး။ Judson Bible ရှမွေလသည် ထာဝရဘုရားကို မသိသေး။ ဗျာဒိတ်တော်ကို မခံရသေး။ |
ထာဝရဘုရားက “ဝါကြွားသောသူမူကား ငါထာဝရဘုရားသည် ကမ္ဘာမြေပေါ်တွင် မေတ္တာကရုဏာပြသောဘုရား၊ တရားမျှတသောဘုရား၊ ဖြောင့်မတ်သောဘုရားဖြစ်၍ ထိုသို့ပြုခြင်းကို ငါနှစ်သက်ကြောင်း သိနားလည်ခြင်း၌သာ ဝါကြွားစေ”ဟု မိန့်တော်မူ၏။
“သင်တို့ယုံကြည်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူရရှိကြသလော”ဟု မေးလေရာ သူတို့က “သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်းကိုပင် အကျွန်ုပ်တို့မကြားဖူးပါ”ဟု ဖြေကြားကြ၏။
ငါသည် ကလေးသူငယ်ဖြစ်စဉ်က ကလေးသူငယ်ကဲ့သို့ပြောဆိုခဲ့၏။ ကလေးသူငယ်ကဲ့သို့စဉ်းစားခဲ့၏။ ကလေးသူငယ်ကဲ့သို့တွေးဆခဲ့၏။ လူကြီးဖြစ်လာသောအခါ ကလေးသူငယ်၏အလေ့အထများကို ငါပယ်ရှား၏။
ထာဝရဘုရားသည် ရှမွေလကိုထပ်၍ခေါ်ပြန်၏။ ရှမွေလသည်လည်း ထ၍ဧလိထံသို့သွားပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟုဆိုလျှင် ဧလိက “ငါ့သား၊ ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု ဆို၏။
ထာဝရဘုရားသည် ရှမွေလကို တတိယအကြိမ်ခေါ်တော်မူပြန်၏။ ရှမွေလသည်လည်း ထ၍ ဧလိထံသို့သွားပြီးလျှင် “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါ၏”ဟု ဆိုပြန်၏။ ထိုအခါ သူငယ်ကို ထာဝရဘုရားခေါ်တော်မူကြောင်း ဧလိသိသွားလေ၏။