ယောသပ်သည် လှမ်းကြည့်၍ မိမိမိခင်၏သား၊ မိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ “ဤသူသည် သင်တို့ပြောသည့် သင်တို့၏ညီအငယ်ဆုံးလော”ဟု ဆိုပြီး “ငါ့သား၊ ဘုရားသခင် သင့်ကိုသနားတော်မူပါစေသော”ဟု ဆိုလေ၏။
၁ ရာ 3:6 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် ရှမွေလကိုထပ်၍ခေါ်ပြန်၏။ ရှမွေလသည်လည်း ထ၍ဧလိထံသို့သွားပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟုဆိုလျှင် ဧလိက “ငါ့သား၊ ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု ဆို၏။ Common Language Bible ဘုရားသခင်သည်ရှမွေလကိုတစ်ဖန်ခေါ်တော် မူပြန်၏။ သူငယ်သည်ထာဝရဘုရားခေါ်တော် မူမှန်းကိုမသိ။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည် သူ့အားအဘယ်အခါကမျှဗျာ ဒိတ်ပေးတော်မမူခဲ့ဘူးသောကြောင့်ဖြစ်၏။ ထို့ ကြောင့်သူသည်ဧလိထံသို့သွားပြီးလျှင်``အရှင် ခေါ်သောကြောင့် လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``ငါ့သားသင့်ကိုငါ မခေါ်။ သင်ပြန်၍အိပ်လော့'' ဟုဆို၏။ Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား သည် ရှ မွေ လ ဟု ခေါ် တော် မူ ပြန် သော်၊ ရှ မွေ လ ထ၍ ဧ လိ ထံ သွား ပြီး လျှင်၊ အ ရှင် ခေါ် သော ကြောင့် ကျွန် တော် လာ ပါ သည် ဟု လျှောက် ရာ ဧ လိ က၊ ငါ့ သား၊ ငါ မ ခေါ်၊ အိပ် ချေ တော့ ဟု ပြန် ဆို လေ ၏။ Judson Bible တစ်ဖန် ထာဝရဘုရားက၊ ရှမွေလဟု ခေါ်တော်မူလျှင်၊ ရှမွေလသည် ထပြီးလျှင်၊ ဧလိထံသို့ သွား၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုသော်၊ ဧလိက ငါမခေါ် ငါ့သား၊ အိပ်တော့ဟု ဆို၏။ |
ယောသပ်သည် လှမ်းကြည့်၍ မိမိမိခင်၏သား၊ မိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ “ဤသူသည် သင်တို့ပြောသည့် သင်တို့၏ညီအငယ်ဆုံးလော”ဟု ဆိုပြီး “ငါ့သား၊ ဘုရားသခင် သင့်ကိုသနားတော်မူပါစေသော”ဟု ဆိုလေ၏။
ဇာဒုတ်၏သား အဟိမတ်က ထပ်၍ယွာဘအား “မည်သို့ပင်ဖြစ်စေ၊ ယခု ထိုကုရှိအမျိုးသားနောက်သို့ အကျွန်ုပ် ပြေးလိုက်ပါရစေ”ဟု ဆိုလျှင် ယွာဘက သူ့အား “ငါ့သား၊ အဘယ်ကြောင့် သင်ပြေးလိုက်လိုသနည်း။ ဤသတင်းသည် ဆုရရှိစေမည့်သတင်းမဟုတ်”ဟု သူ့အား ဆို၏။
ထိုအခါ လူတို့သည် အိပ်ရာပေါ်၌လဲလျောင်းနေသည့် လေဖြတ်သောသူတစ်ဦးကို အထံတော်သို့သယ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်လျှင် လေဖြတ်သောသူအား“ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီ”ဟု မိန့်တော်မူ၏။
ဧလိထံသို့ပြေးလာပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟု ဆို၏။ ဧလိက “ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု သူ့အားဆိုသဖြင့် သူပြန်သွား၍အိပ်လေ၏။
ထိုစဉ်က ရှမွေလသည် ထာဝရဘုရားနှင့်သိကျွမ်းခြင်းမရှိသေး။ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုလည်း မရရှိဖူးသေး။
ထိုသူက ဧလိအား “အကျွန်ုပ်သည် စစ်မြေပြင်မှ ထွက်ပြေးလာသူဖြစ်ပါ၏။ ယနေ့ပင် စစ်မြေပြင်မှ ထွက်ပြေးလာပါ၏”ဟု ပြောလျှင် ဧလိက “ငါ့သား၊ အခြေအနေ မည်သို့ရှိသနည်း”ဟု မေး၏။