ထိုအခါ ထာဝရဘုရားသည် ရှမွေလကိုခေါ်တော်မူလျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလျက်
၁ ရာ 3:5 - မြန်မာ့စံမီသမ္မာကျမ်း ဧလိထံသို့ပြေးလာပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟု ဆို၏။ ဧလိက “ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု သူ့အားဆိုသဖြင့် သူပြန်သွား၍အိပ်လေ၏။ Common Language Bible ဧလိထံသို့ပြေး၍သွားကာ``အရှင်ခေါ် သဖြင့် ကျွန်တော်လာပါပြီ'' ဟုလျှောက်၏။ သို့ရာတွင်ဧလိက``သင့်ကိုငါမခေါ်။ ပြန်၍ အိပ်လော့'' ဟုဆို၏။ သို့ဖြစ်၍ရှမွေလသည် ပြန်၍အိပ်လေ၏။ Garrad Bible ဧ လိ ထံ အ မြန် သွား ပြီး လျှင် အ ရှင် ခေါ် သော ကြောင့် ကျွန် တော် လာ ပါ သည် ဟု လျှောက် ရာ ဧ လိ က၊ ငါ မ ခေါ် အိပ် ချေ တော့ ဟု ဆို သည့် အ တိုင်း ရှ မွေ လ သွား၍ လျောင်း ပြန် ၏။ Judson Bible ဧလိထံသို့ ပြေး၍၊ ကိုယ်တော်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်ဟု ဆိုလျှင်၊ ဧလိက ငါမခေါ်၊ အိပ်တော့ဟု ဆိုသည်အတိုင်း၊ ရှမွေလသွား၍ အိပ်ပြန်လေ၏။ |
ထိုအခါ ထာဝရဘုရားသည် ရှမွေလကိုခေါ်တော်မူလျှင် ရှမွေလက “အကျွန်ုပ်ရှိပါ၏”ဟု ထူးလျက်
ထာဝရဘုရားသည် ရှမွေလကိုထပ်၍ခေါ်ပြန်၏။ ရှမွေလသည်လည်း ထ၍ဧလိထံသို့သွားပြီး “အရှင်ခေါ်သောကြောင့် အကျွန်ုပ်လာပါသည်”ဟုဆိုလျှင် ဧလိက “ငါ့သား၊ ငါမခေါ်ပါ၊ ပြန်အိပ်ပါလော့”ဟု ဆို၏။