ထို့နောက် ယွာဘသည် ဂေရှုရမြို့သို့ထသွားပြီး အဗရှလုံကို ဂျေရုဆလင်မြို့သို့ ပြန်ခေါ်လာ၏။
၁ ရာ 27:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့နေစဉ်တွင် ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် ဂေရှုရိလူမျိုး၊ ဂေရဇိလူမျိုးနှင့် အာမလက်လူမျိုးတို့ ရှေးကတည်းကပင် နေထိုင်ရာဖြစ်သော ရှုရအရပ်တစ်လျှောက် အီဂျစ်ပြည်အထိ ချီတက်တိုက်ခိုက်လေ့ရှိ၏။ Common Language Bible ထိုကာလအတောအတွင်း၌ဒါဝိဒ်တို့လူစု သည်ဂေရှုရိအမျိုးသား၊ ဂေရဇိအမျိုးသား နှင့်အာမလက်အမျိုးသားတို့၏နယ်မြေများ ကို အီဂျစ်ပြည်အနီးရှုရမြို့တိုင်အောင်သွား ရောက်တိုက်ခိုက်လေ့ရှိ၏။ ထိုအမျိုးသားတို့ သည်ယင်း၏နယ်မြေများတွင်နှစ်ပေါင်းများ စွာနေထိုင်ခဲ့ကြသူများဖြစ်၏။- Garrad Bible အ ပေါင်း ပါ တို့ နှင့် တ ကွ ချီ သွား၍ အိ ဂျစ် ပြည် အ နီး၊ ရှု ရ မြို့ နှင့် တေ လံ မြို့ ကြား အ ရပ် ရပ် တွင် နေ ထိုင် ကြ သူ ဂေ ရှု ရ၊ ဂေ ဇာ၊ အာ မ လက် အ မျိုး သား တို့ ကို တိုက် ခိုက် လျက် Judson Bible တစ်ရံရောအခါ ဒါဝိဒ်နှင့်သူ၏လူတို့သည် သွား၍ ဂေရှုရိလူ၊ ဂေရဇိလူ၊ အာမလက်လူတို့ကို တိုက်ကြ၏၊၊ ထိုလူမျိုးတို့သည် ရှေးကာလ၌ ရှုရမြို့လမ်းမှစ၍ အဲဂုတ္တုပြည်တိုင်အောင် အမြဲနေသောသူ ဖြစ်သတည်း။ |
ထို့နောက် ယွာဘသည် ဂေရှုရမြို့သို့ထသွားပြီး အဗရှလုံကို ဂျေရုဆလင်မြို့သို့ ပြန်ခေါ်လာ၏။
အဗရှလုံက ယွာဘအား “ငါ့ထံသို့ လာပါ။ ငါသည် သင့်ကို ရှင်ဘုရင်ထံစေလွှတ်ပြီး ‘အကျွန်ုပ်သည် ဂေရှုရမြို့မှ ဤနေရာသို့ အဘယ်ကြောင့်ပြန်လာရပါသနည်း။ ထိုမြို့တွင်နေရခြင်းက အကျွန်ုပ်အတွက် သာ၍ကောင်းသေး၏။ အပြစ်ရှိလျှင်လည်း ကွပ်မျက်တော်မူပါ။ ယခု ရှင်ဘုရင်၏မျက်နှာတော်ကို ဖူးမြော်ပါရစေ’ဟု ရှင်ဘုရင်ထံလျှောက်တင်ပေးရန် လူလွှတ်ခေါ်သည်ကို သင်က အဘယ်ကြောင့် မလာသနည်း”ဟု ဆို၏။
အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။
ထိုစဉ်တွင်ပင် ယွာဘနှင့်ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် စစ်တိုက်ရာမှ ပြန်ရောက်လာကြ၏။ တိုက်ရာပါပစ္စည်းလည်း အများအပြားယူလာကြ၏။ သို့သော် အာဗနာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ဟေဗြုန်မြို့တွင် မရှိတော့ချေ။ ဒါဝိဒ်မင်းကြီး ပြန်ခွင့်ပြုသောကြောင့် အေးချမ်းစွာထွက်သွားနှင့်ပြီ။
ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊
ထိုရွှေငွေတို့သည် ဆီးရီးယားလူမျိုး၊ မောဘလူမျိုး၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိလူမျိုး၊ အာမလက်လူမျိုးနှင့် ရဟောဘ၏သား ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးတို့ထံမှ တိုက်ရာပါပစ္စည်းများဖြစ်၏။
ဂေရှုရပြည်သားနှင့် ဆီးရီးယားပြည်သားတို့က ထိုမြို့များထဲမှ ဟာဝုတ်ယာဣရမြို့ကိုလည်းကောင်း၊ ကေနတ်မြို့နှင့်ထိုမြို့ပတ်ဝန်းကျင်ရှိမြို့ရွာပေါင်းခြောက်ဆယ်ကိုလည်းကောင်း သိမ်းပိုက်လိုက်ကြ၏။ ထိုမြို့တို့သည် ဂိလဒ်၏ဖခင်ဖြစ်သောမာခိရ၏သားမြေးတို့ပိုင်သောမြို့များ ဖြစ်၏။
ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။
ထို့နောက် အာမလက်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရေဖိဒိမ်အရပ်၌ လာ၍တိုက်ခိုက်ကြ၏။
အာမလက်လူမျိုးတို့သည် နေဂေ့အရပ်၌ နေထိုင်ကြ၏။ ဟိတ္တိလူမျိုး၊ ယေဗုသိလူမျိုးနှင့် အာမောရိလူမျိုးတို့သည် တောင်ပေါ်ဒေသ၌ နေထိုင်ကြ၏။ ခါနာန်လူမျိုးတို့သည် ပင်လယ်ကမ်းနားဒေသနှင့်ဂျော်ဒန်မြစ်ကမ်းနားတစ်လျှောက်တွင် နေထိုင်ကြ၏”ဟု ဆိုကြ၏။
ထိုအခါ တောင်ပေါ်ဒေသ၌ နေထိုင်နှင့်သောခါနာန်လူမျိုးနှင့် အာမလက်လူမျိုးတို့သည် ဆင်းလာ၍ သူတို့ကို တိုက်ခိုက်ကြ၏။ ဟောမာအရပ်တိုင်အောင် သူတို့ကို လိုက်လံချေမှုန်းကြ၏။
ဟေရမုန်တောင်၊ သာလကအရပ်နှင့် ဗာရှန်တစ်ပြည်လုံးမှစ၍ ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့၏နယ်နိမိတ်အထိ၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏နယ်နိမိတ်အထိ သိမ်းပိုက်နိုင်ခဲ့၏။
သို့သော် အစ္စရေးအမျိုးသားတို့သည် ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ယနေ့တိုင်အောင် ဂေရှုရပြည်သား၊ မာခါပြည်သားတို့သည် အစ္စရေးလူမျိုးတို့နှင့်အတူ နေထိုင်လျက်ရှိကြ၏။
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့၌နေထိုင်သော ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ ယနေ့တိုင်အောင် ခါနာန်လူမျိုးတို့နှင့်အတူနေထိုင်ကြ၏။ သို့သော် သူတို့ကို အလုပ်ကြမ်းလုပ်စေ၏။
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့သား ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ခဲ့ပေ။ ထို့ကြောင့် ခါနာန်လူမျိုးတို့သည် သူတို့နှင့်အတူ ဂေဇာမြို့၌ နေထိုင်ကြ၏။
ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။
သုံးရက်မြောက်သောနေ့တွင် ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ဇိကလတ်မြို့သို့ ပြန်ရောက်လာကြ၏။ ထိုအချိန်တွင် အာမလက်လူမျိုးတို့သည် နေဂေ့အရပ်နှင့် ဇိကလတ်မြို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို တိုက်ခိုက်မီးရှို့ကာ