ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
၁ ရာ 26:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဒါဝိဒ်နှင့် အဘိရှဲသည် ညအချိန်တွင် တပ်စခန်းသို့ ဆင်းသွားရာ ရှောလုသည် တပ်စခန်းထဲ၌ အိပ်နေပြီး သူ၏လှံတံကို သူ့ခေါင်းရင်း မြေကြီးပေါ်တွင် ထိုးစိုက်ထားသည်ကို တွေ့ရ၏။ အာဗနာနှင့် တပ်သားတို့သည်လည်း သူ့ကို ဝိုင်းရံလျက် အိပ်နေကြ၏။ Common Language Bible သို့ဖြစ်၍ထိုညဥ့်၌ဒါဝိဒ်နှင့်အဘိရှဲတို့ သည်ရှောလု၏တပ်စခန်းသို့ဝင်ရောက်ကြ ရာတပ်စခန်းအလယ်တွင် ရှောလုသည်မိမိ ၏လှံကိုခေါင်းရင်းတွင်စိုက်၍အိပ်ပျော်နေ သည်ကိုတွေ့ရှိကြ၏။ အာဗနာနှင့်စစ်သည် တပ်သားတို့ကမူရှောလုပတ်လည်တွင် အိပ်လျက်နေကြလေသည်။- Garrad Bible ဒါ ဝိဒ် နှင့် အ ဘိ ရှဲ တို့ သည် ညဉ့် အ ခါ ရဲ မက် တို့ နေ ရာ သို့ ရောက် လျှင် ခေါင်း ရင်း တွင် လှံ တော် စိုက် လျက် အာ ဗ နာ နှင့် ရဲ မက် တို့ ကာ ရံ လျက် ခံ က တုတ် အ တွင်း ရှော လု မင်း စက် တော် ခေါ် သည် ကို ရှု မြင် သော အ ခါ Judson Bible ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညအခါ တပ်သားများရှိရာသို့သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။ |
ငါမိန့်ဆိုသည့်အတိုင်း ပြုကြလော့။ အီဂျစ်ပြည်မှလှည်းတို့ကို ယူသွား၍ သင်တို့၏ကလေးများ၊ မိန်းမများနှင့် သင်တို့၏ဖခင်ကို ခေါ်ဆောင်လာခဲ့ကြလော့။
ဒါဝိဒ်သည် နံနက်စောစောထ၍ မိမိသိုးအုပ်ကို သိုးထိန်းတစ်ဦးနှင့် အပ်ထားခဲ့ပြီးလျှင် ဖခင်ယေရှဲမှာလိုက်သည့်အတိုင်း စားစရာများကို ယူ၍ ထွက်သွား၏။ သူသည် တပ်စခန်းသို့ရောက်သောအခါ စစ်သည်တို့သည် စစ်မြေပြင်သို့ ချီတက်ပြီး စစ်ငြာသံပေးလျက်
ဒါဝိဒ်သည် ဟိတ္တိလူမျိုး အဟိမလက်နှင့် ဇေရုယာ၏သား၊ ယွာဘ၏ညီ အဘိရှဲတို့အား “ရှောလုတပ်စခန်းသို့ဆင်းသွားလျှင် ငါနှင့် မည်သူလိုက်မည်နည်း”ဟု မေးရာ အဘိရှဲက “အကျွန်ုပ် လိုက်ပါမည်”ဟု ဆို၏။
ထိုအခါ အဘိရှဲက ဒါဝိဒ်အား “ယနေ့ပင် ဘုရားသခင်သည် သခင်၏ရန်သူကို သခင့်လက်သို့ အပ်တော်မူပြီ။ ထို့ကြောင့် မြေသို့ထုတ်ချင်းပေါက်သွားအောင် သူ့ကို လှံနှင့် တစ်ချက်တည်းထိုးသတ်ပါရစေ။ နှစ်ချက် မထိုးစေရပါ”ဟု လျှောက်ဆို၏။