နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
၁ ရာ 26:4 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် သူလျှိုတို့ကို စေလွှတ်စုံစမ်းစေရာ ရှောလုမင်းကြီး အမှန်ပင်ရောက်နေကြောင်းကို သိရလေ၏။ Common Language Bible သူလျှိုများကိုစေလွှတ်စုံစမ်းစေရာအကယ် ပင်ရှောလုရောက်ရှိနေကြောင်းသိရှိရလေ သည်။- Garrad Bible ရှော လု မင်း ရောက် ရှိ ရာ အ ရပ် ကို သိ ရ လေ ၏။ Judson Bible သူလျှိုတို့ကို စေလွှတ်၍ ရှောလုရောက်ကြောင်းကို အတပ်သိ၏။ |
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
နုန်၏သားယောရှုသည် သူလျှိုနှစ်ဦးကို ရှိတ္တိမ်အရပ်မှ တိတ်တဆိတ်စေလွှတ်၍ “ခါနာန်ပြည်၊ ဂျေရိခေါမြို့ကို သွား၍စူးစမ်းကြလော့”ဟု မှာလိုက်၏။ သူတို့လည်း သွား၍ ရာခပ်အမည်ရှိသောပြည့်တန်ဆာမ၏အိမ်သို့ဝင်၍ ညအိပ်ကြ၏။
ရှောလုမင်းကြီးသည် ယေရှိမုန်နှင့်မျက်နှာချင်းဆိုင် ဟခိလတောင်ကုန်းပေါ် လမ်းဘေးတစ်နေရာတွင် စခန်းချ၏။ ဒါဝိဒ်မူကား တောကန္တာရထဲတွင် ပုန်းနေ၏။ တောကန္တာရထဲသို့ ရှောလုမင်းကြီးလိုက်လာသည်ကို ကြားသိသဖြင့်
ထိုအခါ ဒါဝိဒ်သည် ထ၍ ရှောလုမင်းကြီး စခန်းချရာနေရာသို့သွားလျှင် ရှောလုမင်းကြီးနှင့် သူ၏စစ်သူကြီးဖြစ်သော နေရ၏သားအာဗနာတို့ အိပ်သောနေရာကို တွေ့လေ၏။ ရှောလုမင်းကြီးသည် တပ်သားများဝိုင်းရံထားသောတပ်စခန်းထဲ၌ အိပ်နေ၏။