၁ ရာ 23:24 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် ထ၍ ရှောလုမင်းကြီးထက်အလျင် ဇိဖမြို့သို့ ပြန်နှင့်ကြ၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့ကား ယေရှိမုန်တောင်ဘက်၊ အရာဗလွင်ပြင်၊ မောနတောကန္တာရတွင် ရှိနေကြ၏။ Common Language Bible သို့ဖြစ်၍ထိုသူတို့သည်ရှောလု၏အလျင် ဇိဖအရပ်သို့ပြန်လည်ထွက်ခွာလာခဲ့ကြ ၏။ ဒါဝိဒ်နှင့်အပေါင်းပါတို့သည်ယေရှိမုန် မြို့တောင်ဘက်၊ အာရဗာချိုင့်ဝှမ်းရှိမောန တောကန္တာရတွင်ရှိနေကြ၏။- Garrad Bible ထို သူ တို့ သည် ဇိ ဖ တော သို့ တင် ရင် ပြန် သွား ကြ လေ၏။ ဒါ ဝိဒ် နှင့် အ ပေါင်း ပါ တို့ ကား၊ ယေ ရှိ မုန် တော တောင် မျက် နှာ၊ အ ရာ ဗာ ချိုင့် ရှိ မော န တော သို့ ရွှေ နှင့် သ တည်း။ Judson Bible သူတို့သည်ထ၍ ရှောလုအရင် ဇိဖတောသို့သွားကြ၏။ ဒါဝိဒ်နှင့် သူ၏လူတို့သည် မောနတော၊ ယေရှိမုန်မြို့ တောင်ဘက်လွင်ပြင်၌ ရှိကြ၏။ |
သူပုန်းခိုသောနေရာရှိသမျှတို့ကို စူးစမ်း၍ မှတ်သားထားပြီး ငါ့ကို အတိအကျပြန်လာပြောပြကြလော့။ ငါသည် သူရှိရာသို့ သင်တို့နှင့်အတူလိုက်သွားမည်။ ယုဒပြည်ရှိ ယုဒလူမျိုး အထောင်အသောင်းတို့ကြားတွင် ပုန်းနေလျှင်ပင် ရအောင်ရှာမည်”ဟု ဆို၏။
ရှောလုမင်းကြီးနှင့်သူ့နောက်လိုက်တို့သည် ဒါဝိဒ်အား ရှာဖွေရန် ထွက်လာကြောင်းကို ဒါဝိဒ်ကြားသိလျှင် မောနတောကန္တာရရှိ ကျောက်ဆောင်သို့ သွား၍ နေထိုင်၏။ ထိုသတင်းကို ရှောလုမင်းကြီး ကြားသိသောအခါ ဒါဝိဒ်ရှိရာ မောနတောကန္တာရသို့ လိုက်သွား၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။