ထိုစကားတို့သည် ဒါဝိဒ်၏စိတ်ထဲ၌စွဲနေသောကြောင့် သူသည် ဂါသဘုရင်အာခိတ်မင်းကြီးကို အလွန်တရာမှကြောက်ရွံ့လေ၏။
ထိုသူတို့၏စကားကိုဒါဝိဒ်နှလုံးသွင်း၍ အာခိတ်မင်းအားအလွန်ကြောက်ရွံ့သော ကြောင့်၊-
ထို စ ကား ကို ဒါ ဝိဒ် နှ လုံး သွင်း၍ ဂါ သ ဘု ရင် အာ ခိတ် မင်း အား အ လွန် ကြောက် ရွံ့ ပြန် သော ကြောင့်
ထိုစကားကို ဒါဝိဒ်သည်မှတ်မိ၍၊ ဂါသမင်းကြီးအာခိတ်ကို အလွန်ကြောက်သောကြောင့်၊
ထိုအရပ်၌ရှိသောယောက်ျားတို့သည် သူ့မယားအကြောင်းကိုမေးကြသောအခါ ဣဇက်က “ငါ့မယားဖြစ်သည်”ဟု ပြောရမည်ကို ကြောက်၍ “ငါ့နှမဖြစ်သည်”ဟု ဆို၏။ အကြောင်းမှာ ရေဗက္ကာသည် ရုပ်ဆင်းသွင်ပြင်လှပသဖြင့် ထိုအရပ်၌ရှိသောယောက်ျားတို့သည် ရေဗက္ကာအတွက်ကြောင့် မိမိအားသတ်မည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
ငါသည် ထာဝရဘုရားကိုရှာသောအခါ ကိုယ်တော်သည် ငါ့ကိုထူးတော်မူလျက် ငါကြောက်လန့်သောအမှုအားလုံးတို့မှ ငါ့ကိုကယ်နုတ်တော်မူ၏။
အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်ကို ယုံကြည်ကိုးစားပါ၏။
မာရိမူကား ဤအခြင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။
ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။
ထိုအမျိုးသမီးတို့သည် ကခုန်လျက် “ရှောလုမင်းကြီးအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ”ဟု သီဆိုကြ၏။
ထိုနေ့မှစ၍ ဒါဝိဒ်သည် ရှောလုမင်းကြီးထံမှထွက်ပြေးပြီး ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ ရောက်လာ၏။
ထို့ကြောင့် သူတို့ရှေ့တွင် စိတ်မနှံ့သူ အရူးကဲ့သို့ အယောင်ဆောင်ရလေ၏။ သူသည် တံခါးရွက်တို့ကို ကုတ်ခြစ်ပြီး မုတ်ဆိတ်များပေါ် သွားရည်များ စီးကျစေ၏။