သုံးရက်မြောက်နေ့တွင် အခင်းဖြစ်သောနေ့၌ သင်ပုန်းနေခဲ့သောနေရာသို့ အမြန်လာခဲ့ပြီး ဧဇေလကျောက်နားတွင် စောင့်နေပါ။
၁ ရာ 20:20 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ပစ်မှတ်ကို ပစ်သကဲ့သို့ ထိုကျောက်ဘေးနားသို့ မြားသုံးစင်း ပစ်လွှတ်မည်။ Common Language Bible ထိုအခါကျွန်ုပ်၏သည်ကျောက်ပုံကိုပစ် မှတ်သဖွယ်ပြု၍ မြားသုံးစင်းပစ်လွှတ် လိုက်မည်။- Garrad Bible ငါ သည် စက် ကွင်း ချိန် ရွယ် သော အ ဟန် နှင့် ထို ကျောက် ပုံ အ နီး သို့ မြှား သုံး စင်း လွှတ် လိုက် ပြီး မှ Judson Bible ကျွန်ုပ်သည်လည်း၊ စက်ကိုပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြားသုံးစင်းပစ်မည်။ |
သုံးရက်မြောက်နေ့တွင် အခင်းဖြစ်သောနေ့၌ သင်ပုန်းနေခဲ့သောနေရာသို့ အမြန်လာခဲ့ပြီး ဧဇေလကျောက်နားတွင် စောင့်နေပါ။
လူငယ်တစ်ဦးအား ‘မြားတို့ကို လိုက်ရှာလော့’ဟု စေခိုင်းမည်။ အကယ်၍ ငါက ထိုလူငယ်အား ‘ကြည့်လော့။ မြားတို့သည် သင့်ဘေး၌ရှိ၏။ ကောက်ယူလာခဲ့လော့’ဟု ဆိုလျှင် သင်ထွက်လာလော့။ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သင်၌ အန္တရာယ်မရှိ။ ဘေးကင်းလေပြီ။
လူငယ်လေးအား “ယခု ပြေးပြီး ငါပစ်လွှတ်သောမြားကို ရှာပါ”ဟု ဆို၏။ ထိုလူငယ်လေးပြေးသောအခါ သူ့ကို ကျော်သွားအောင် ယောနသန်သည် မြားကို ပစ်လွှတ်လိုက်၏။