ဖိလိတ္တိတပ်စခန်းဘက်မှ ဂေါလျတ်ဟုအမည်ရှိ၍ အရပ်ခြောက်တောင်တစ်ထွာရှိသော ဂါသမြို့သား လူစွမ်းကောင်းတစ်ဦး ထွက်လာ၏။
ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊-
ဖိ လိ တ္တိ အ လုံး အ ရင်း ထဲ မှ ထွက် လာ တတ် သော ဂါ သ မြို့ သား၊ စီး ချင်း ထိုး သူ ရဲ၊ အ ရပ် ခြောက် တောင့် ထွာ မြင့် သူ ဂေါ လျတ် သည်
ခြောက်တောင်နှင့်တစ်ထွာ အရပ်မြင့်သော ဂါသမြို့သား ဂေါလျတ်အမည်ရှိသော သူရဲသည် ဖိလိတ္တိတပ်ထဲက ထွက်လာ၏။
သူသည် အရပ်ငါးတောင်ရှိသောအီဂျစ်အမျိုးသားတစ်ယောက်ကိုလည်း သတ်ခဲ့၏။ ရက်ကန်းလိပ်တုံးတမျှကြီးသောလှံကိုကိုင်ထားသော ထိုအီဂျစ်အမျိုးသားအား သူသည် ကြိမ်လုံးဖြင့်သာ သွား၍တိုက်ခိုက်၏။ အီဂျစ်အမျိုးသား၏လက်မှ လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ထိုသူကို ထိုးသတ်လေ၏။
သို့သော် သစ်ကတိုးပင်မြင့်သကဲ့သို့မြင့်၍ ဝက်သစ်ချပင်ကဲ့သို့သန်မာသော အာမောရိလူမျိုးတို့ကို အပင်ပေါ်ရှိအသီးများသာမက မြေအောက်ရှိအမြစ်များပါမကျန် ဖျက်ဆီးသကဲ့သို့ သူတို့ရှေ့တွင်ပင် ငါကိုယ်တော်တိုင် သုတ်သင်ပယ်ရှင်းပစ်ခဲ့၏။
(အကယ်စင်စစ် ရေဖိမ်လူမျိုးတွင် ဗာရှန်ဘုရင်ဩဃမင်းကြီးတစ်ယောက်တည်းသာ ကြွင်းကျန်၏။ လူ့လက်ဖြင့်တိုင်းလျှင် အလျားကိုးတောင်၊ အနံလေးတောင်ရှိသော သူ၏သံညောင်စောင်းသည် အမ္မုန်အမျိုးသားတို့၏မြို့ဖြစ်သောရဗ္ဗာမြို့၌ တွေ့နိုင်၏။)
အစ္စရေးအမျိုးသားတို့၏ပိုင်နက်ထဲတွင် အာနကလူမျိုး တစ်ယောက်မျှမကျန်။ ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့တို့၌သာ အနည်းငယ်ကျန်ရစ်၏။
ထိုသို့ သူသည် အစ်ကိုတို့နှင့်စကားပြောနေစဉ် ဂေါလျတ်အမည်ရှိသော ဖိလိတ္တိလူမျိုး၊ ဂါသမြို့သား၊ လူစွမ်းကောင်းတစ်ဦးသည် ဖိလိတ္တိတပ်ထဲမှထွက်လာ၍ ယခင်ကကဲ့သို့ စိန်ခေါ်သောစကားများကို ဒါဝိဒ်ကြားရ၏။
ဖိလိတ္တိလူမျိုးတို့သည် တောင်တစ်ဖက်တွင် တပ်ချ၍ အစ္စရေးလူမျိုးတို့သည် အခြားတောင်တစ်ဖက်တွင် တပ်ချကြ၏။ သူတို့ကြားတွင် ချိုင့်ဝှမ်းရှိ၏။
သူသည် ခေါင်းတွင် ကြေးနီသံခမောက်ဆောင်းထား၍ သံချပ်အင်္ကျီကို ဝတ်ထား၏။ ထိုသံချပ်အင်္ကျီ၏အလေးချိန်မှာ ကြေးနီရှယ်ကယ်ငါးထောင်ခန့်ရှိ၏။
ဂါသမြို့သို့ ဒါဝိဒ်ထွက်ပြေးသွားသည့်အကြောင်းကို ရှောလုမင်းကြီး ကြားသိလျှင် ဒါဝိဒ်ကို ဆက်၍မရှာတော့ပေ။