ခြိမ်းခြောက်သူတစ်ယောက်၏ရှေ့တွင် လူတစ်ထောင်ပြေးရလိမ့်မည်။ တောင်ထိပ်ပေါ်မှအလံတိုင်ကဲ့သို့၊ တောင်ကုန်းပေါ်မှ အချက်ပြအလံကဲ့သို့ ကျန်ရစ်ရသည့်တိုင်အောင် ခြိမ်းခြောက်သူငါးယောက်ရှေ့တွင် သင်တို့ထွက်ပြေးရလိမ့်မည်။
၁ ရာ 17:24 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားအပေါင်းတို့သည်လည်း ထိုသူကိုမြင်လျှင် အလွန်ကြောက်ရွံ့၍ ထွက်ပြေးကြ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်ဂေါလျတ် ကိုမြင်လျှင်ကြောက်၍ထွက်ပြေးကြ၏။- Garrad Bible ဣ သ ရေ လ ရဲ မက် အ ပေါင်း တို့ သည် ထို သူ့ ကို မြင် လျှင် မြင် ချင်း အ လွန် ကြောက် ရွံ့ သ ဖြင့် တွန့် ဆုတ် လျက်၊ Judson Bible ဣသရေလလူအပေါင်းတို့သည် ထိုသူကိုမြင်သောအခါ အလွန်ကြောက်ရွံ့၍ ပြေးကြ၏။ |
ခြိမ်းခြောက်သူတစ်ယောက်၏ရှေ့တွင် လူတစ်ထောင်ပြေးရလိမ့်မည်။ တောင်ထိပ်ပေါ်မှအလံတိုင်ကဲ့သို့၊ တောင်ကုန်းပေါ်မှ အချက်ပြအလံကဲ့သို့ ကျန်ရစ်ရသည့်တိုင်အောင် ခြိမ်းခြောက်သူငါးယောက်ရှေ့တွင် သင်တို့ထွက်ပြေးရလိမ့်မည်။
“ဆီးရီးယားပြည်သည် ဧဖရိမ်ပြည်နှင့် မဟာမိတ်ဖွဲ့သည်”ဟု ဒါဝိဒ်အမျိုးအနွယ်ကြားသိသောအခါ တောထဲမှသစ်ပင်တို့သည် လေတိုက်၍လှုပ်ခါသကဲ့သို့ အာခတ်မင်းကြီးနှင့် ပြည်သူပြည်သားတို့၏စိတ်နှလုံးသည် လှုပ်ခါသွားလေ၏။
သင်တို့ထဲမှ အသက်ရှင်ကျန်ရစ်သောသူတို့သည် ရန်သူတို့၏ပြည်၌နေကြရစဉ် သူတို့၏စိတ်နှလုံးထဲသို့ ထိတ်လန့်ခြင်းကို ငါသွင်းမည်။ လေတိုက်၍လှုပ်သောသစ်ရွက်အသံသည် သူတို့ကိုထွက်ပြေးစေလိမ့်မည်။ သူတို့သည် လိုက်သောသူမရှိသော်လည်း ဓားဘေးမှထွက်ပြေးသောသူကဲ့သို့ ပြေးကြ၍ လဲကျကြလိမ့်မည်။
ထိုအရပ်၌ ဧရာမလူတို့ကိုလည်း တွေ့ခဲ့ပါ၏။ ထိုဧရာမလူတို့မှ အာနကအမျိုးဆင်းသက်လာ၏။ သူတို့နှင့်ယှဉ်လျှင် ငါတို့သည် ကိုယ့်ကိုယ်ကိုယ်နှံကောင်ကဲ့သို့မြင်၍ သူတို့သည်လည်း ငါတို့ကို နှံကောင်ကဲ့သို့မြင်မည်”ဟု ဆိုကြ၏။
သူတို့၏ကျောက်ဆောင်သည် သူတို့ကိုရောင်းပစ်တော်မမူလျှင်၊ ထာဝရဘုရားသည် သူတို့ကိုစွန့်ပစ်တော်မမူလျှင် လူတစ်ယောက်သည် လူတစ်ထောင်ကို မည်သို့လိုက်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကို မည်သို့ထွက်ပြေးစေနိုင်မည်နည်း။
ရှောလုမင်းကြီးနှင့်တကွ အစ္စရေးစစ်သည်အားလုံးတို့သည် ထိုဖိလိတ္တိပြည်သား၏စကားကို ကြားသောအခါ တုန်လှုပ်ချောက်ချားလျက် အလွန်ကြောက်ရွံ့ကြကုန်၏။
ထိုသို့ သူသည် အစ်ကိုတို့နှင့်စကားပြောနေစဉ် ဂေါလျတ်အမည်ရှိသော ဖိလိတ္တိလူမျိုး၊ ဂါသမြို့သား၊ လူစွမ်းကောင်းတစ်ဦးသည် ဖိလိတ္တိတပ်ထဲမှထွက်လာ၍ ယခင်ကကဲ့သို့ စိန်ခေါ်သောစကားများကို ဒါဝိဒ်ကြားရ၏။
အစ္စရေးအမျိုးသားတို့က “ယခု ထွက်လာသောသူကို သင်တို့မြင်သလော။ စင်စစ် အစ္စရေးလူမျိုးတို့ကို စော်ကားရန်ထွက်လာခြင်းဖြစ်၏။ သူ့ကိုသတ်နိုင်သောသူအား ရှင်ဘုရင်သည် ဓနဥစ္စာအများအပြားချီးမြှင့်၍ သမီးတော်နှင့်ထိမ်းမြားပေးမည်။ သူ့အိမ်သူအိမ်သားတို့ကိုလည်း အစ္စရေးနိုင်ငံတွင် အခွန်လွတ်ငြိမ်းခွင့်ပြုမည်”ဟု ပြောဆိုနေကြ၏။