ထိုသူ၏အမည်မှာ ဧလိမလက်၊ မယား၏အမည်မှာ နောမိ၊ သားနှစ်ယောက်၏အမည်မှာ မဟာလုန်၊ ခိလျုန်တို့ဖြစ်၍ ယုဒပြည်၊ ဗက်လင်မြို့သား ဧဖရတ်အနွယ်ဝင်ဖြစ်၏။ သူတို့သည် မောဘပြည်သို့ သွားရောက်နေထိုင်ကြ၏။
၁ ရာ 17:21 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးလူမျိုးနှင့် ဖိလိတ္တိလူမျိုးတို့သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်းနေကြ၏။ Common Language Bible ဖိလိတ္တိအမျိုးသားများနှင့်ဣသရေလ အမျိုးသားတို့သည်တိုက်ပွဲဝင်ရန် မျက်နှာ ချင်းဆိုင်နေရာယူကြ၏။- Garrad Bible ဣ သ ရေ လ တပ် နှင့် ဖိ လိ တ္တိ တပ် သည် ရင် ဆိုင် ခင်း ကျင်း လျက် ရှိ နှင့် သ တည်း။ Judson Bible ဣသရေလ တပ်သားတို့နှင့် ဖိလိတ္တိတပ်သားတို့သည် စစ်ခင်းကျင်း၍ စစ်တလင်းသို့ချီလျက်၊ စစ်တိုက်မည်အသံနှင့် ကြွေးကြော်ကြ၏။ |
ထိုသူ၏အမည်မှာ ဧလိမလက်၊ မယား၏အမည်မှာ နောမိ၊ သားနှစ်ယောက်၏အမည်မှာ မဟာလုန်၊ ခိလျုန်တို့ဖြစ်၍ ယုဒပြည်၊ ဗက်လင်မြို့သား ဧဖရတ်အနွယ်ဝင်ဖြစ်၏။ သူတို့သည် မောဘပြည်သို့ သွားရောက်နေထိုင်ကြ၏။
ဒါဝိဒ်သည် နံနက်စောစောထ၍ မိမိသိုးအုပ်ကို သိုးထိန်းတစ်ဦးနှင့် အပ်ထားခဲ့ပြီးလျှင် ဖခင်ယေရှဲမှာလိုက်သည့်အတိုင်း စားစရာများကို ယူ၍ ထွက်သွား၏။ သူသည် တပ်စခန်းသို့ရောက်သောအခါ စစ်သည်တို့သည် စစ်မြေပြင်သို့ ချီတက်ပြီး စစ်ငြာသံပေးလျက်
ဒါဝိဒ်သည် သူနှင့်အတူပါလာသောပစ္စည်းများကို ပစ္စည်းထိန်းလက်၌ အပ်ထားခဲ့ပြီး စစ်မြေပြင်သို့ပြေးသွားကာ အစ်ကိုတို့ကို သွား၍တွေ့ဆုံနှုတ်ဆက်၏။
ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့နှင့် စစ်ခင်းကျင်းကြရာ စစ်ပွဲပြင်းထန်၍ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ စစ်မြေပြင်တွင် အစ္စရေးလူမျိုးလေးထောင်ခန့် ကျဆုံးလေ၏။