အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ 17:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှောလု​မင်းကြီး​မှစ၍ ဒါဝိဒ်​၏​အစ်ကို​တို့​နှင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ဖိလိတ္တိ​လူမျိုး​တို့​ကို တိုက်ခိုက်​ရန် ဧလာ​ချိုင့်​၌ စခန်းချ​နေ​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရှော​လု​မင်း​မှ​စ​၍​သင့်​အစ်​ကို​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဧ​လာ​ချိုင့်​ဝှမ်း တွင်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​နှင့်​တိုက်​ပွဲ​ဝင်​လျက် ရှိ​နေ​ကြ​၏'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​ကာ​လ၌ ရှော​လု​မှ​စ၍ ဒါ​ဝိဒ်​အစ်​ကို​တို့​နှင့် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ဧ​လာ​ချိုင့်​မှာ ဖိ​လိ​တ္တိ​လူ​တို့​ကို စစ်​တိုက်​လျက်​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။



၁ ရာ 17:19
3 ပူးပေါင်းရင်းမြစ်များ  

ဤ​ဒိန်ခဲ​ဆယ်​ခဲ​ကို​လည်း သူ​တို့​၏​လူ​တစ်ထောင်အုပ်​အတွက် ယူသွား​လော့​။ သင့်​အစ်ကို​တို့ အေးအေးချမ်းချမ်း​ရှိ​သည်​ကို သင်​မြင်တွေ့​ခဲ့​ရ​ကြောင်း သက်သေ​ယူလာ​ပြ​လော့​”​ဟု မှာလိုက်​လေ​၏​။


ရှောလု​မင်းကြီး​နှင့် အစ္စရေး​အမျိုးသား​တို့​မူကား ဧလာ​ချိုင့်​တွင် စုဝေး​စခန်းချ​ကြ​ပြီး ဖိလိတ္တိ​လူမျိုး​တို့​ကို ရင်ဆိုင်တိုက်ခိုက်​ရန် စစ်ရေး​ပြင်ဆင်​ကြ​၏​။


ဒါဝိဒ်​သည် နံနက်​စောစောထ​၍ မိမိ​သိုးအုပ်​ကို သိုးထိန်း​တစ်​ဦး​နှင့် အပ်ထား​ခဲ့​ပြီးလျှင် ဖခင်​ယေရှဲ​မှာလိုက်​သည့်​အတိုင်း စားစရာ​များ​ကို ယူ​၍ ထွက်သွား​၏​။ သူ​သည် တပ်စခန်း​သို့​ရောက်​သောအခါ စစ်သည်​တို့​သည် စစ်မြေပြင်​သို့ ချီတက်​ပြီး စစ်​ငြာသံ​ပေး​လျက်