ဒါဝိဒ်သည် ဗက်လင်မြို့ရှိ ဖခင်၏သိုးများကိုထိန်းကျောင်းရသဖြင့် ရှောလုမင်းကြီးထံသွားလိုက် ဖခင်ထံပြန်လိုက်လုပ်နေရ၏။
သား ထွေး ဒါ ဝိဒ် သည် ရှော လု မင်း ထံ သို့ လည်း ကောင်း၊ အ ဘ သိုး များ ကို ထိန်း ကျောင်း ရန် ဗက် လင် မြို့ သို့ လည်း ကောင်း၊ သွား တုံ ပြန် တုံ ပြု လေ့ ရှိ ၏။
ဒါဝိဒ်သည် မလိုက်၊ ဗက်လင်မြို့မှာ မိမိအဘ၏သိုးတို့ကို ထိန်းကျောင်းခြင်းငှာ ပြန်သွားလေ၏။
ထို့နောက် ရှမွေလက ယေရှဲအား “သင်၌ သား ကုန်ပြီလော”ဟု မေးလျှင် သူက “အငယ်ဆုံးသား ရှိပါသေး၏။ ယခု သိုးကျောင်းလျက်ရှိပါ၏”ဟု ဆို၏။ ထိုအခါ ရှမွေလက ယေရှဲအား “သူ့ကို လူလွှတ်၍ ခေါ်ပေးပါလော့။ သူမလာမချင်း ငါတို့ထိုင်၍စားသောက်ရမည်မဟုတ်”ဟု ဆို၏။
ထိုဖိလိတ္တိပြည်သားသည် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရက်လေးဆယ်ပတ်လုံး လူလုံးထွက်ပြလေ့ရှိ၏။
သို့သော် ဒါဝိဒ်က ရှောလုမင်းကြီးအား “အရှင့်အစေအပါးသည် ဖခင်၏သိုးများကို ထိန်းကျောင်းနေစဉ် ခြင်္သေ့၊ ဝက်ဝံတို့သည် လာ၍ သိုးအုပ်ထဲမှ သိုးသငယ်ကို ကိုက်ဆွဲပါ၏။
ထိုနေ့မှစ၍ ရှောလုမင်းကြီးသည် ဒါဝိဒ်အား ဖခင်အိမ်သို့ ပြန်သွားခွင့်မပေးတော့ဘဲ ခေါ်ထားလေ၏။