အဗရှလုံနှင့်အတူ လူအယောက်နှစ်ရာတို့သည် ဂျေရုဆလင်မြို့မှ ထွက်လာကြ၏။ သူတို့သည် အခေါ်ခံရ၍သာ သဘောရိုးနှင့်လိုက်လာကြ၏။ မည်သည့်အကြောင်းတစ်စုံတစ်ရာကိုမျှ မသိ။
၁ ရာ 16:3 - မြန်မာ့စံမီသမ္မာကျမ်း ယေရှဲကို ယဇ်ပူဇော်ပွဲသို့ ဖိတ်ခေါ်ရမည်။ သင်ပြုရမည့်အမှုကို ငါပြမည်။ သင့်အား ငါဖော်ပြသောသူကို ငါ့အဖို့ သင်ဘိသိက်ပေးရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ဘုရားသခင်က``နွားကလေးတစ်ကောင်ကိုယူ ၍သွားပြီးလျှင် သင်သည်ထာဝရဘုရားအား ယဇ်ပူဇော်ရန်ရောက်ရှိလာကြောင်းပြောကြား လော့။ ယေရှဲအားယဇ်ပူဇော်ပွဲသို့ဖိတ်ခေါ် လော့။ သင်အဘယ်သို့ပြုရမည်ကိုငါပြော မည်။ ငါဖော်ပြသူအားရာဇဘိသိက်ပေး လော့'' ဟုမိန့်တော်မူ၏။ Garrad Bible ပူ ဇော် ပွဲ သို့ ယေ ရှဲ ကို ခေါ် ဖိတ် လော့။ ပြု အပ် သော အ ရာ ကို ငါ ဖော် ပြ မည်။ ငါ ညွှန် ပြ မည့် သူ့ ကို ဘိ သိက် သွန်း လော့ ဟု မိန့် တော် မူ သည့် အ တိုင်း Judson Bible ယေရှဲကိုလည်း ယဇ်ပွဲသို့ ခေါ်ဖိတ်လော့။ ထိုအခါ သင်သည် အဘယ်သို့ပြုရမည်ကို ငါပြမည်။ ငါသည် နာမဖြင့် ထုတ်ပြသောသူကို ငါ့အဖို့ ဘိသိက်ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊ |
အဗရှလုံနှင့်အတူ လူအယောက်နှစ်ရာတို့သည် ဂျေရုဆလင်မြို့မှ ထွက်လာကြ၏။ သူတို့သည် အခေါ်ခံရ၍သာ သဘောရိုးနှင့်လိုက်လာကြ၏။ မည်သည့်အကြောင်းတစ်စုံတစ်ရာကိုမျှ မသိ။
ထိုမြို့တွင် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် သူ့ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးရမည်။ ပြီးမှ တံပိုးမှုတ်လျက် ‘ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြရမည်။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်သည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် ရှမွေလမှတစ်ဆင့် ထာဝရဘုရားမိန့်မှာထားတော်မူခဲ့သည့်အတိုင်း သူတို့သည် ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။
သင်သည် ထ၍ မြို့ထဲသို့ဝင်သွားလော့။ ထိုအခါ သင်ပြုရမည့်အမှုကို သင့်အား ပြောကြားလိမ့်မည်”ဟု မိန့်တော်မူ၏။
“မနက်ဖြန် ယခုလိုအချိန်တွင် ဗင်္ယာမိန်ပြည်သားတစ်ယောက်ကို သင့်ထံသို့ ငါစေလွှတ်မည်။ ငါ၏လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်သူမင်းအဖြစ် သူ့ကို သင်ဘိသိက်ပေးရမည်။ သူသည် ငါ့လူမျိုးတော်ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။ သူတို့၏အော်ဟစ်ငိုကြွေးသံသည် ငါ့ထံသို့ရောက်လာသည်ဖြစ်၍ ငါ၏လူမျိုးတော်တို့ကို ငါကြည့်ရှုပြီ”ဟု ကြားသိစေ၏။