ယေရှဲသည် သားခုနစ်ယောက်ကို ရှမွေလရှေ့သို့ ခေါ်လာပြ၏။ သို့သော် ရှမွေလက ယေရှဲအား “သူတို့ကို ထာဝရဘုရားရွေးတော်မမူ”ဟူ၍သာ ပြော၏။
ဤနည်းအားဖြင့်ယေရှဲသည်မိမိ၏သား ခုနစ်ယောက်အထိရှမွေလထံသို့ခေါ်ပေး လေသည်။ ရှမွေလကလည်း``ဤသူတို့အထဲ မှမည်သူ့ကိုမျှထာဝရဘုရားရွေးချယ် တော်မမူ'' ဟုဆိုပြီးလျှင်၊-
ထို သို့ ယေ ရှဲ သည် သား ခု နစ် ယောက် တို့ ကို ရှ မွေ လ ရှေ့ လျှောက် သွား စေ သော အ ခါ ဤ သူ တို့ ကို ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မ မူ ဟု ဆို ပြီး လျှင်
တစ်ဖန် ယေရှဲသည် သားခုနစ်ယောက်တို့ကို ရှမွေလရှေ့မှာ သွားစေသဖြင့်၊ ရှမွေလက၊ ဤသူတို့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ။
ထို့နောက် ရှမွေလက ယေရှဲအား “သင်၌ သား ကုန်ပြီလော”ဟု မေးလျှင် သူက “အငယ်ဆုံးသား ရှိပါသေး၏။ ယခု သိုးကျောင်းလျက်ရှိပါ၏”ဟု ဆို၏။ ထိုအခါ ရှမွေလက ယေရှဲအား “သူ့ကို လူလွှတ်၍ ခေါ်ပေးပါလော့။ သူမလာမချင်း ငါတို့ထိုင်၍စားသောက်ရမည်မဟုတ်”ဟု ဆို၏။
တစ်ဖန် ယေရှဲသည် ရှမ္မကို ခေါ်လာပြလျှင် ရှမွေလက “သူ့ကိုလည်း ထာဝရဘုရား ရွေးတော်မမူ”ဟု ဆို၏။
ဒါဝိဒ်သည် ယုဒပြည်၊ ဗက်လင်မြို့မှ ယေရှဲအမည်ရှိ ဧဖရတ်အမျိုးသားတစ်ဦး၏သား ဖြစ်၏။ ယေရှဲ၌ သားရှစ်ယောက်ရှိ၏။ သူသည် ရှောလုမင်းကြီးလက်ထက်တွင် အသက်ကြီး၍အိုမင်းလေပြီ။