ဉာဏ်ပညာသည် စစ်လက်နက်များထက် ပို၍ကောင်း၏။ သို့သော် အပြစ်ပြုသောသူတစ်ဦးသည် ကောင်းသောအမှုများစွာတို့ကို ဖျက်ဆီးတတ်၏။
၁ ရာ 14:30 - မြန်မာ့စံမီသမ္မာကျမ်း စစ်သည်တို့သည် ရန်သူတို့ထံမှ သိမ်းဆည်းရရှိလာသောအစားအစာများကို ယနေ့သာစိတ်ကြိုက်စားခွင့်ရခဲ့မည်ဆိုလျှင် မည်မျှအကျိုးရှိမည်နည်း။ ယခုမှာ ဖိလိတ္တိလူမျိုးတို့ကို များစွာမသုတ်သင်ပစ်နိုင်ခဲ့ပါတကား”ဟု ဆို၏။ Common Language Bible အကယ်၍ငါတို့အမျိုးသားများသည် ရန်သူထံမှရရှိသည်အစားအစာကိုစား ခဲ့ရကြလျှင် အဘယ်မျှလောက်အကျိုးရှိ လိမ့်မည်နည်း။ ဖိလိတ္တိအမျိုးသားတို့ကို အဘယ်မျှပိုမိုသတ်ဖြတ်နိုင်ခဲ့မည်ကို သာစဉ်းစား၍ကြည့်ကြလော့'' ဟုပြန် ပြော၏။ Garrad Bible ရန် သူ တို့ လက် မှ သုံ့ ရ သော အ စာ ကို ဗိုလ် ထု စား သောက် ရ လျှင်၊ မည် မျှ အ ကျိုး ရှိ မည် နည်း။ ယ ခု မှာ ဖိ လိ တ္တိ တပ် ကို လုပ် ကြံ ရ ခြင်း သည် အ ကျိုး ကြီး မ ဟုတ် စွ တ ကား ဟု ဆို လေ၏။ Judson Bible လူများတို့သည် ယနေ့တွေ့မိသော ရန်သူ၏ဥစ္စာကိုစားချင်တိုင်းစားလျှင်၊ အဘယ်မျှလောက် အကျိုးကြီးလိမ့်မည် တကား။ ဖိလိတ္တိလူတို့ကိုသာ၍ လုပ်ကြံကြလိမ့်မည်တကားဟု ဆိုလေ၏။ |
ဉာဏ်ပညာသည် စစ်လက်နက်များထက် ပို၍ကောင်း၏။ သို့သော် အပြစ်ပြုသောသူတစ်ဦးသည် ကောင်းသောအမှုများစွာတို့ကို ဖျက်ဆီးတတ်၏။
ယောနသန်ကလည်း “ငါ့ခမည်းတော်သည် ပြည်သားတို့ကို ဒုက္ခပေးလေပြီ။ ယခု ကြည့်ကြလော့။ ဤပျားရည်အနည်းငယ်ကို ငါမြည်းစမ်းကြည့်သောအခါ ငါအားပြည့်လန်းဆန်းလာပြီ။
ထိုနေ့တွင် သူတို့သည် ဖိလိတ္တိလူမျိုးတို့ကို မိတ်မတ်မြို့မှ အာယလုန်မြို့အထိ လိုက်လံချေမှုန်းကြ၏။ စစ်သည်များလည်း အလွန်မောပန်းကြလေ၏။