၁ ရာ 13:17 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိတပ်စခန်းမှ အသေခံစစ်ကြောင်း သုံးကြောင်းထွက်လာပြီး တစ်ကြောင်းမှာ ရွာလပြည်၊ ဩဖရမြို့လမ်းအတိုင်း သွား၏။ Common Language Bible ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကား မိတ်မတ်မြို့တွင်ရှိလေသည်။ ဖိလိတ္တိတပ်သား တို့သည်တိုက်ကင်းသုံးစုခွဲ၍တပ်စခန်းမှ ထွက်သွားကြ၏။ တစ်စုသည်ရွှာလနယ် သြဖရမြို့ရှိရာသို့လည်းကောင်း၊- Garrad Bible ဖိ လိ တ္တိ တပ် မ က တိုက် ခိုက် လု ယူ ရန် စစ် တံ ခွန် သုံး သွယ် ထွက် လာ ပြီး လျှင် တစ် သွယ် ကား ရွာ လ ခ ရိုင်၊ သြ ဖ ရ မြို့ လမ်း သို့ လည်း ကောင်း Judson Bible လုယူသော တပ်သုံးတပ်တို့သည်၊ ဖိလိတ္တိတပ်မထဲကထွက်၍ တစ်တပ်သည် ရွာလပြည် ဩဖရမြို့လမ်းသို့ လိုက်၏။ |
နောက်တစ်နေ့တွင် ရှောလုသည် လူတို့ကို သုံးဖွဲ့ခွဲပြီး မိုးသောက်ယံအချိန်၌ ရန်သူ့တပ်စခန်းသို့ဝင်၍ နေမြင့်သည့်တိုင်အောင် အမ္မုန်လူမျိုးတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း နှစ်ယောက်အတူပင်ရှိမနေနိုင်ဘဲ တကွဲတပြားစီထွက်ပြေးကြရလေ၏။
တပ်စခန်းအတွင်း အပြင်ရှိ ကင်းတပ်သားအားလုံး ကြောက်ရွံ့ကြကုန်၏။ အသေခံတပ်သားများလည်း ထိတ်လန့်ကြလေ၏။ ထိုစဉ်တွင် ငလျင်ပါလှုပ်သဖြင့် ပို၍ကြောက်ရွံ့ကြလေ၏။