သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
၁ ရာ 13:1 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုသည် တစ်နှစ်ခန့်ဘုရင်ဖြစ်လာပြီး အစ္စရေးလူမျိုးကို နှစ်နှစ်ခန့်အုပ်စိုးပြီးသောအခါ Common Language Bible ရှောလုသည်လူသုံးထောင်ကိုရွေးချယ်ပြီး လျှင် နှစ်ထောင်ကိုမိမိနှင့်အတူမိတ်မတ်မြို့နှင့် ဗေသလတောင်ကုန်းဒေသအတွက်ခေါ်ထား၏။ တစ်ထောင်ကိုမိမိ၏သားယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်ဂိဗာမြို့သို့စေလွှတ်လိုက်၏။ အခြား လူအပေါင်းတို့ကိုမူ မိမိတို့နေရပ်အသီးသီး သို့ပြန်စေလေသည်။ Garrad Bible ရှော လု မင်း သည် အိမ် နိမ့် သုံး ဆယ် ရှိ သော်၊ နန်း တက်၍ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး သော နန်း စံ နှစ် နှစ် တွင် Judson Bible ရှောလုသည် တစ်နှစ်ကျော် နှစ်နှစ်ခန့်လောက် ဣသရေလအမျိုး၌မင်းပြုပြီးမှ၊ ဣသရေလအမျိုးသား သုံးထောင်တို့ကို ရွေးကောက်ပြီးလျှင်၊ ကိုယ်တိုင်နေသော မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်မှာ လူနှစ်ထောင်၊ ဗင်္ယာမိန်ခရိုင်၊ ဂိဗာမြို့၊ ယောနသန်ထံမှာ တစ်ထောင်ကိုထား၍၊ အခြားသောသူတို့ကို မိမိတို့ အသီးအသီးနေရာအရပ်သို့ လွှတ်လိုက်လေ၏။ |
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။
သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။
အစ္စရေးလူမျိုးထဲမှ လူအယောက်သုံးထောင်ကို ရွေးချယ်၏။ လူနှစ်ထောင်သည် ရှောလုမင်းကြီးနှင့်အတူ မိတ်မတ်မြို့နှင့် ဗေသလတောင်ပေါ်ဒေသတို့တွင် နေရပြီး ကျန်လူတစ်ထောင်သည် ယောနသန်နှင့်အတူ ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင် နေရ၏။ ကျန်လူတို့ကိုမူကား မိမိတို့တဲသို့ အသီးသီးပြန်သွားစေ၏။