မနာခံလျှင် သူတို့သည် ဓားဘေးဖြင့် ပျက်စီးဆုံးရှုံး၍ အသိပညာမဲ့လျက် သေသွားရလိမ့်မည်။
၁ ရာ 12:25 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဆိုးညစ်သောအမှုကိုပြုမြဲပြုနေမည်ဆိုလျှင် သင်တို့သာမက သင်တို့၏ရှင်ဘုရင်လည်း ဖျက်ဆီးသုတ်သင်ခြင်းခံရမည်”ဟု သူတို့အား ဆို၏။ Common Language Bible သို့ရာတွင်သင်တို့သည်အပြစ်ကူးမြဲကူး နေကြပါမူ ဘုရင်နှင့်တကွသင်တို့ဆုံးပါး ပျက်စီးရကြလိမ့်မည်'' ဟုလူတို့အားမိန့်ဆို လေ၏။ Garrad Bible ဒု စ ရိုက် ကို ပြု မြဲ ပြု ခဲ့ မူ ဘု ရင် နှင့် တ ကွ ပယ် ရှား ခံ ရ လိမ့် မည် ဟု ပ ရိ သတ် အား မိန့် ဆို လေ၏။ Judson Bible သို့မဟုတ် သင်တို့သည် ဒုစရိုက်ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့်မည်ဟု လူများတို့အား ပြောဆိုလေ၏။ |
မနာခံလျှင် သူတို့သည် ဓားဘေးဖြင့် ပျက်စီးဆုံးရှုံး၍ အသိပညာမဲ့လျက် သေသွားရလိမ့်မည်။
သို့သော် သင်တို့ ငြင်းဆန်ပုန်ကန်ကြလျှင် ဓားဖြင့်အသတ်ခံရမည်”ဟု မိန့်တော်မူ၏။ ဤသည်ကား ထာဝရဘုရား၏နှုတ်တော်ထွက်စကားဖြစ်၏။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
သူတို့က “ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် ငါတို့၌ ရှင်ဘုရင်မရှိတော့ပြီ။ ရှင်ဘုရင်ရှိလျှင်လည်း ငါတို့အဖို့ မည်သို့ပြုပေးနိုင်မည်နည်း”ဟု ဆိုကြလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားကို အမှန်ပင်မေ့လျော့၍ အခြားဘုရားများကိုဆည်းကပ်ကာ ထိုဘုရားတို့ကို ပျပ်ဝပ်ကိုးကွယ်လျှင် သင်တို့သည် လုံးလုံးပျက်စီးလိမ့်မည်ဟု သင်တို့ကို ယနေ့ ငါသတိပေး၏။
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
သင်တို့သည် ထာဝရဘုရားကို စွန့်၍ တိုင်းတစ်ပါးသားတို့၏ဘုရားကိုဝတ်ပြုမည်ဆိုလျှင် သင်တို့ကို ကောင်းစားစေခဲ့ရာမှ သင်တို့ကို ဒုက္ခရောက်စေမည်၊ သုတ်သင်ပယ်ရှင်းတော်မူမည်ကို သင်တို့သိသလော”ဟု ဆို၏။
ရှောလုသည် တစ်နှစ်ခန့်ဘုရင်ဖြစ်လာပြီး အစ္စရေးလူမျိုးကို နှစ်နှစ်ခန့်အုပ်စိုးပြီးသောအခါ