အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။
၁ ကော 14:40 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အရာအားလုံးကို တင့်တယ်လျောက်ပတ်စွာ အစီအစဉ်တကျပြုကြလော့။ Common Language Bible ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။ Garrad Bible အ ရာ ရာ ကို သင့် လျော် သေ ဝပ် စွာ ပြု ကြ လော့။ Judson Bible ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြလော့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် အရာရာတိုင်းကို သင့်လျော်စွာ အစီအစဉ်တကျ လုပ်ဆောင်ကြလော့။ |
အကြောင်းမှာ ထာဝရဘုရားက မောရှေအား “ခေါင်းဆောင်တို့သည် ယဇ်ပလ္လင်ဆက်ကပ်ခြင်းအတွက် တစ်နေ့လျှင်တစ်ယောက် မိမိတို့၏ပူဇော်သက္ကာကို ယူဆောင်လာရမည်”ဟု မိန့်တော်မူခဲ့၏။
အပျော်ကြူးခြင်းနှင့်သောက်စားမူးယစ်ခြင်းတို့၌လည်းကောင်း၊ ကိလေသာရှုပ်ထွေးခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့၌လည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်းနှင့်မနာလိုခြင်းတို့၌လည်းကောင်း မကျင်လည်ကြဘဲ နေ့အချိန်၌လျှောက်လှမ်းသကဲ့သို့ တင့်တယ်လျောက်ပတ်စွာ အသက်ရှင်လျှောက်လှမ်းကြကုန်စို့။
တစ်စုံတစ်ယောက်သည် ဆာလောင်လျှင် ပြစ်ဒဏ်စီရင်ခြင်းခံရရန်အတွက် စုဝေးခြင်းမဖြစ်မည့်အကြောင်း မိမိအိမ်၌စားပါစေ။ ကျန်သောကိစ္စများကို ငါလာသောအခါညွှန်ကြားမည်။
အကြောင်းမူကား ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွဲကွာနေသော်လည်း စိတ်ဝိညာဉ်အားဖြင့်မူကား သင်တို့နှင့်အတူရှိ၍ သင်တို့၏အစီအစဉ်တကျရှိခြင်းနှင့် ခရစ်တော်အပေါ် သင်တို့၏ယုံကြည်ခြင်းခိုင်မာမှုတို့ကိုတွေ့သဖြင့် ဝမ်းမြောက်၏။
ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။