ဗေသလမြို့ရှိ ပရောဖက်အဖွဲ့သားတို့က ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။
၁ ကော 14:32 - မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်တို့၏စိတ်ဝိညာဉ်တို့သည် ပရောဖက်တို့ကိုနာခံတတ်၏။ Common Language Bible ဗျာဒိတ်တော်ကိုဟောပြောနိုင်သောဆုကျေးဇူး ကိုအသုံးပြုရာ၌ဟောပြောသူသည်မိမိ ကိုယ်ကိုထိန်းချုပ်ရမည်။- Garrad Bible ဆိုင် ရာ ဝိ ညာဥ် များ ကို အုပ် ချုပ် နိုင် ကြ၏။ Judson Bible ပရောဖက်တို့သည်လည်း၊ မိမိတို့စိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရောဖက်တို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို ချုပ်ထိန်းနိုင်ကြ၏။ |
ဗေသလမြို့ရှိ ပရောဖက်အဖွဲ့သားတို့က ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။
ဂျေရိခေါမြို့ရှိ ပရောဖက်အဖွဲ့သားတို့သည် ဧလိရှဲထံသို့လာပြီး “ထာဝရဘုရားက သင့်အရှင်ကိုသင့်ထံမှ ယနေ့ဆောင်ယူသွားမည်ကို သင်သိပါသလော”ဟုမေးလျှင် ဧလိရှဲက “ငါသိပါ၏။ တိတ်တိတ်နေကြပါ”ဟု ပြန်ပြော၏။
ငါက “ကိုယ်တော်ကို မအောက်မေ့၊ နာမတော်ဖြင့် မဟောပြောလိုတော့ပြီ”ဟု ဆိုသော်လည်း ငါ့စိတ်နှလုံးထဲ၌ မီးတောက်လောင်သကဲ့သို့ ပူလောင်၏။ ငါ့အရိုးထဲထိ ပူလောင်၏။ ငါမခံမရပ်နိုင်အောင် ပင်ပန်းလှ၏။
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
အကြောင်းမူကား လူတိုင်းသွန်သင်ခြင်းခံရ၍ လူတိုင်းတိုက်တွန်းနှိုးဆော်ခြင်းခံရမည့်အကြောင်း သင်တို့အားလုံးသည် တစ်ဦးပြီးတစ်ဦး ပရောဖက်ပြုဟောပြောနိုင်၏။
အကြောင်းမူကား ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းနှင့်ဆိုင်သောဘုရားမဟုတ်ဘဲ ငြိမ်သက်ခြင်းနှင့်ဆိုင်သောဘုရားဖြစ်တော်မူ၏။ သန့်ရှင်းသူတို့၏အသင်းတော်တိုင်း၌ ပြုကျင့်သကဲ့သို့
ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့်ဖြစ်စေ၊ ငါတို့စာကဲ့သို့သောစာအားဖြင့်ဖြစ်စေ သခင်ဘုရား၏နေ့ရက်ကျရောက်ပြီဖြစ်သည့်ပုံမျိုးပြောဆိုကြသော်လည်း စိတ်ထဲ၌ အလျင်အမြန်တုန်လှုပ်ခြင်း၊ သို့မဟုတ် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြရန် သင်တို့အား ငါတို့တောင်းပန်ကြ၏။
ချစ်ရသောသူတို့၊ များစွာသောပရောဖက်အတုအယောင်တို့သည် ဤလောက၌ ပေါ်လာကြပြီဖြစ်သောကြောင့် ဝိညာဉ်တိုင်းကိုမယုံဘဲ ထိုဝိညာဉ်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်မစပ်ဆိုင်သည်ကို စစ်ဆေးကြလော့။
ထို့နောက် ကောင်းကင်တမန်က “ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏။ ပရောဖက်တို့၏ဝိညာဉ်များကိုပိုင်သတော်မူသော ထာဝရအရှင်ဘုရားသခင်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိအစေအပါးတို့အားပြသရန် မိမိ၏ကောင်းကင်တမန်ကို စေလွှတ်တော်မူ၏”ဟု မြွက်ဆိုလေ၏။