အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ကော 14:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား အခြား​သော​ဘာသာ​စကား​အားဖြင့် ငါ​ဆုတောင်း​လျှင် ငါ​၏​စိတ်​ဝိညာဉ်​သည် ဆုတောင်း​သော်လည်း ငါ​၏​အသိစိတ်​မူကား အကျိုး​မ​ပေး။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​သည်​ထူး​ဆန်း​သော​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး ဖြင့်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ငါ​၏​စိတ် နှ​လုံး​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​သော် လည်း​ငါ​၏​အ​သိ​ဉာဏ်​မူ​ကား​ပါ​ဝင်​မှု​မ​ရှိ။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘာ သာ စ ကား ထူး ဖြင့် ငါ တောင်း လျှောက် သော် စိတ် မ နော နှင့် တောင်း လျှောက် သော် လည်း ဉာဏ် မူ ကား အ ကျိုး ပေး သည် မ ဟုတ်။

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ အ​ခြား​သော ဘာ​သာ​စ​ကား​ဖြင့် ငါ​ဆု​တောင်း​လျှင်၊ ငါ့​စိတ်​နှ​လုံး ဆု​တောင်း​သော်​လည်း၊ ငါ့​ဉာဏ်​သည် အ​ကျိုး​ကို​မ​ပေး။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်​သည် အခြား​ဘာသာစကား​အားဖြင့် ဆုတောင်း​လျှင် ကျွန်ုပ်​၏ စိတ်ဝိညာဉ်​သည် ဆုတောင်းနေ​သော်လည်း ကျွန်ုပ်​၏ အသိဉာဏ်​အတွက် အကျိုး​မရှိ။

အခန်းကိုကြည့်ပါ။



၁ ကော 14:14
4 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် အနက်​ဖွင့်​နိုင်​မည့်​အကြောင်း ဆုတောင်း​စေ။


သို့သော် အသင်းတော်​ထဲ၌ အခြား​သော​ဘာသာ​စကား​ဖြင့် စကား​အခွန်း​တစ်သောင်း​ပြော​ခြင်း​ထက် သူတစ်ပါး​တို့​ကို သွန်သင်​နိုင်​ရန် ငါ​၏​အသိစိတ်​ဖြင့် စကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ၍ ငါ​အလို​ရှိ​၏။


အကြောင်းမူကား အခြား​သော​ဘာသာ​စကား​ပြောဆို​သော​သူ​သည် လူ​တို့​အား ပြောဆို​သည်​မ​ဟုတ်​ဘဲ ဘုရားသခင်​အား ပြောဆို​၏။ အဘယ်ကြောင့်​ဆိုသော် ထို​စကား​ကို မည်သူ​မျှ​နား​မ​လည်​ချေ။ သူ​သည် ဝိညာဉ်​တော်​အားဖြင့် လျှို့ဝှက်​နက်နဲ​သော​အရာ​တို့​ကို ပြောဆို​နေ​ခြင်း​သာ​ဖြစ်​၏။