ထာဝရအရှင်ဘုရားသခင်သည် အာဒံနှင့် သူ၏မယားအတွက် သားရေဝတ်ရုံကိုလုပ်၍ သူတို့အားဝတ်ဆင်ပေးတော်မူ၏။
၁ ကော 12:23 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ခန္ဓာတွင် ဂုဏ်သရေမဲ့သည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့ကို ပို၍ကြီးသောဂုဏ်သရေဖြင့် ငါတို့ဆင်ယင်တတ်ကြ၏။ ငါတို့၏အမြင်မတင့်တယ်သော အင်္ဂါအစိတ်အပိုင်းများကိုလည်း အမြင်တင့်တယ်အောင် ပို၍ဂရုစိုက်တတ်၏။ Common Language Bible ယုတ်သည်ဟုထင်ရသောအင်္ဂါအစိတ်အပိုင်း များကိုပို၍ပင်ငါတို့ဂရုစိုက်ကြရ၏။ တင့်တယ်ခြင်းမရှိသည့်အင်္ဂါအစိတ်အပိုင်း များကိုပို၍တင့်တယ်အောင်မွမ်းမံကြရ၏။- Garrad Bible ငါ တို့ သည် ကိုယ် ခ န္ဓာ တွင် ယုတ် သည် ဟု ထင် မှတ် သော အင်္ဂါ များ ကို အ သ ရေ ထူး ပေး ကြ သ ဖြင့် တင့် တယ် ပြီး အင်္ဂါ များ၌ ထပ်၍ မ တင့် တယ် လို သော် လည်း မ တင့် တယ် သော အင်္ဂါ များ မှာ တင့် တယ် ခြင်း အ ထူး ရှိ တတ်၏။ Judson Bible တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပို၍ ဂုဏ်သရေနည်းသည်ဟု ထင်ရသော အင်္ဂါအစိတ်အပိုင်းများကို ကျွန်ုပ်တို့သည် အထူးအလေးပေး ဆင်ယင်ကြ၏။ အမြင်မတင့်တယ်သော အစိတ်အပိုင်းများကိုလည်း ဂရုတစိုက် ဖုံးအုပ်ဆင်ယင်တတ်ကြ၏။ |
ထာဝရအရှင်ဘုရားသခင်သည် အာဒံနှင့် သူ၏မယားအတွက် သားရေဝတ်ရုံကိုလုပ်၍ သူတို့အားဝတ်ဆင်ပေးတော်မူ၏။
ထိုအခါ ထိုသူနှစ်ဦးစလုံးသည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်မပါအချည်းစည်းဖြစ်သည်ကို သိသွားသဖြင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်လျက် မိမိတို့အတွက် ခါးဝတ်တန်ဆာကို ပြုလုပ်ကြ၏။
ထိုမျှမက ကိုယ်ခန္ဓာ၌ ပို၍အားနည်းသည်ဟုထင်ရသော အင်္ဂါအစိတ်အပိုင်းတို့သည် ပို၍ပင်လိုအပ်သော အင်္ဂါများဖြစ်ကြ၏။
အမြင်တင့်တယ်သော အင်္ဂါအစိတ်အပိုင်းများမူကား ထိုသို့ပြုရန်မလိုအပ်ပေ။ သို့သော် ဘုရားသခင်သည် ဂုဏ်ငယ်သော အင်္ဂါအစိတ်အပိုင်းများအား သာ၍ကြီးသောဂုဏ်သရေကိုပေး၍ ကိုယ်ခန္ဓာကို ပေါင်းစပ်ဖွဲ့စည်းတော်မူ၏။
သို့သော် အမျိုးသမီးတို့သည် ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် သန့်ရှင်းခြင်းတို့၌တည်လျှင် သားဖွားခြင်းအမှုအားဖြင့် ကယ်တင်ခြင်းခံရလိမ့်မည်။
ထိုနည်းတူ အမျိုးသမီးတို့သည်လည်း သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်လျက် ဣန္ဒြေစောင့်ခြင်းနှင့်ယဉ်ကျေးသိမ်မွေ့ခြင်းတို့ဖြင့် မိမိတို့ကိုယ်ကိုဆင်ယင်ကြ၍ ကျစ်သောဆံပင်နှင့် ရွှေ၊ ပုလဲ၊ တန်ဖိုးကြီးသောအဝတ်အစားစသည်တို့ဖြင့် မဟုတ်ဘဲ