ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။
၁ ကော 12:14 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်ခန္ဓာ၌ အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာရှိသည်မဟုတ်ဘဲ များစွာရှိ၏။ Common Language Bible လူ၏ကိုယ်ခန္ဓာတွင်အင်္ဂါအစိတ်အပိုင်းတစ် ခုတည်းရှိသည်မဟုတ်။ အများပင်ရှိပေ သည်။- Garrad Bible ကိုယ် ခ န္ဓာ၌ အင်္ဂါ တစ် ခု တည်း သာ မ ဟုတ်။ အ များ ရှိ ရာ၊ Judson Bible ကိုယ်သည် အင်္ဂါတစ်ခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း မှန်ပါ၏။ ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာ ရှိသည်မဟုတ်ဘဲ အစိတ်အပိုင်းများစွာ ရှိ၏။ |
ထို့ကြောင့် ကိုယ်ခန္ဓာသည် တစ်ခုတည်းဖြစ်သော်လည်း အင်္ဂါအစိတ်အပိုင်းများစွာရှိ၍ ကိုယ်ခန္ဓာ၌အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း အားလုံးသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်သကဲ့သို့ ခရစ်တော်သည်လည်း ထိုနည်းတူဖြစ်တော်မူ၏။
ခြေက “ငါသည် လက်မဟုတ်သောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်”ဟု ဆိုလျှင် ထိုသို့ဆိုသောကြောင့် ကိုယ်ခန္ဓာနှင့်မဆိုင်တော့သည်မဟုတ်။
အားလုံးသည် အင်္ဂါအစိတ်အပိုင်းတစ်မျိုးတည်းဖြစ်ခဲ့လျှင် ကိုယ်ခန္ဓာသည် အဘယ်မှာရှိမည်နည်း။
ယခုမူကား အင်္ဂါအစိတ်အပိုင်းသည် များစွာရှိသော်လည်း ကိုယ်ခန္ဓာသည် တစ်ခုတည်းရှိ၏။
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။