ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ငါတို့အဖဘုရားသခင်နှင့်အရှင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းသည် သင်တို့အပေါ်သို့သက်ရောက်ပါ စေသော။
ငါ တို့ အ ဘ ဘု ရား သ ခင် နှင့် အ ရှင် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး တော် နှင့် ငြိမ် သက် ခြင်း သည် သင် တို့၌ တည် ရှိ ပါ စေ သော။
ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ကျွန်ုပ်တို့၏ အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်တို့ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။
ထိုသို့ ဘုရားသခင်ချစ်တော်မူ၍ သန့်ရှင်းသူများအဖြစ်ခေါ်ယူတော်မူသော ရောမမြို့သူမြို့သားအပေါင်းတို့ထံသို့ ဤစာကို ငါရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့် သခင်ယေရှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။
ယေရှုခရစ်တော်အားဖြင့် သင်တို့အားပေးသနားတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ငါသည် သင်တို့အတွက် ငါ့ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်၏။
ယေရှုခရစ်တော်ကိုနာခံရန်နှင့် ကိုယ်တော်၏သွေးတော်ပက်ဖျန်းခြင်းခံရရန်အတွက် ဝိညာဉ်တော်အားဖြင့်သန့်ရှင်းစေခြင်းခံရ၍ ခမည်းတော်ဘုရားသခင်၏ကြိုတင်သိမြင်သောဉာဏ်တော်အတိုင်း ရွေးကောက်ခံရသောသူတို့ထံသို့ စာရေးလိုက်ပါ၏။ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တိုးပွားပါစေသော။