ထိုအခါ ရှင်ဘုရင်က “နန်းတော်ဝင်းထဲတွင် မည်သူရှိသနည်း”ဟု မေး၏။ ထိုအချိန်တွင် ဟာမန်သည် သူလုပ်ထားသောသစ်တိုင်တွင် မော်ဒကဲကိုချိတ်ဆွဲမည့်အကြောင်း ရှင်ဘုရင်ထံခွင့်ပန်ရန် ဘုရင့်နန်းတော်ဝင်းအပြင်ဘက်တွင် ရောက်နေ၏။
ဧသတာ 6:5 - မြန်မာ့စံမီသမ္မာကျမ်း မင်းလုလင်တို့က “ကြည့်ရှုတော်မူပါ။ နန်းတော်ဝင်းထဲတွင် ဟာမန်ရပ်လျက်နေပါ၏”ဟု လျှောက်လျှင် ရှင်ဘုရင်က “အထဲသို့ဝင်စေ”ဟု မိန့်ဆို၏။ Common Language Bible ထိုအခါနန်းတွင်းအစေခံများက``ဟာမန် ရှိပါသည်။ သူသည်ရှေ့တော်သို့ဝင်ရန်စောင့် နေပါသည်'' ဟုလျှောက်ကြ၏။ မင်းကြီးက``သူ့အားဝင်စေ'' ဟုမိန့်တော်မူ၏။ Garrad Bible ကျေး ကျွန် သင်း ပင်း တို့ က၊ ဟာ မန် သည်၊ နန်း မြို့ ရိုး အ တွင်း စောင့် နေ ပါ သည် ဟု တင် လျှောက် ကြ ရာ၊ ဝင် စေ ဟူ သော အ မိန့် တော် အ တိုင်း ဟာ မန် ဝင် လျှင်၊ Judson Bible ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တံတိုင်းတော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ဝင်စေဟု မိန့်တော်မူ၏။ |
ထိုအခါ ရှင်ဘုရင်က “နန်းတော်ဝင်းထဲတွင် မည်သူရှိသနည်း”ဟု မေး၏။ ထိုအချိန်တွင် ဟာမန်သည် သူလုပ်ထားသောသစ်တိုင်တွင် မော်ဒကဲကိုချိတ်ဆွဲမည့်အကြောင်း ရှင်ဘုရင်ထံခွင့်ပန်ရန် ဘုရင့်နန်းတော်ဝင်းအပြင်ဘက်တွင် ရောက်နေ၏။
ဟာမန်ဝင်လာလျှင် ရှင်ဘုရင်က “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို မည်သို့ဂုဏ်ပြုသင့်သနည်း”ဟု မေး၏။ ဟာမန်ကလည်း “ငါမှတစ်ပါး ရှင်ဘုရင်ဂုဏ်ပြုလိုသောသူရှိမည်မဟုတ်”ဟု အတွေးဝင်၍